အပိုင်း (၂၅၅) ဖူကျို့နဲ့ ချင်မော့ကို ခွဲထားမယ်

Start from the beginning
                                    

တကယ်တော့ ချင်မော့ ပြောပြောနေတာက သူက နိုင်ငံအဆင့်အသင်းမှာပဲ အမြဲတမ်း ကစားချင်တာဖြစ်ပြီး သူ့ဟာသူ လူတွေရဲ့ မျက်လုံးထဲမရောက်အောင် ကြိုးစားရှောင်နေရတာတဲ့လေ။

ဒီလိုဆိုရင် ချင်မော့က မီဒီယာတွေမှာ မကြာခဏဆိုသလို သတင်းရေးခံရတာ ကြိုက်တဲ့သူမဟုတ်ဘူးလို့ ပြောလို့ရတာပေါ့။

ဒါပေမဲ့ အခုတော့ ဘာတဲ့။  သူပြောပုံအရဆိုရင် ဒီကိစ္စကို ဖြေရှင်းဖို့ သူ့နောက်ခံအင်အားတွေ အကုန်လုံးကို သုံးတော့မယ်လို့ ပြောလိုက်တာမလား။

Spade Z ရဲ့ဆွဲဆောင်မှုက တကယ့် အကြီးကြီး ပါပဲလား။ သခင်လေးချင်က တခြားလူတွေကို ဖိနှိပ်ဖို့ သူ့ဘဝ အတွေ့အကြုံတွေကို ဘယ်တော့မှ အလွယ်တကူ ထုတ်မသုံးဘူးလို့ ပြောကြတယ်လေ။ ဟိုတုန်းက သခင်လေးချင် ပွဲဦးစထွက်တုန်းကလဲ သူလဲ အဲလို ထိုးချခံရဖူးတာပဲ။ နောက်ဆုံး သူ ဖန်တွေနဲ့ ဆက်ဆံချင်စိတ်ကို မရှိတော့တာလေ။ ဒီလို အကျင့်နဲ့ သခင်လေးချင်ကိုတော့ အကြပ်ရိုက်စေမိတော့မှာပဲ။

ဒီနေ့ခေတ် ဖန်တွေရဲ့ အသက်အရွယ်က တစ်ယောက်နဲ့တစ်ယောက် တူတာမဟုတ်သလို သူတို့ရဲ့ စိတ်အခြေအနေတွေကလည်း တူကြမှာမဟုတ်တော့ တချို့ကိစ္စတွေက ကိုင်တွယ်ရတာ လွယ်မှာမဟုတ်ဘူး။

အရင်တုန်းက သခင်လေးချင်က လက်ရှိသခင်လေးချင်လိုပဲ အေးတိအေးစက် ဖြစ်နေတုန်းပဲ။ လူတွေ သူ့ကို ထိုးချနေကြတာကို တွေ့ရင် သူက သူတို့ကို လျစ်လျူရှုထားလိုက်ပြီး သူ့စံချိန်သစ်ကို ထပ်ချိုးပြလိုက်တာမျိုးလေ။ သူက မရေမတွက်နိုင်တဲ့ နတ်ဘုရားအဆင့် နိုင်ငံအဆင့် ကစားသမားတွေကို အနိုင်ယူပြခဲ့တာ။ သူက တခြားလူတွေ အလွယ်တကူ ကိုင်လှုပ်လို့ရတဲ့ တည်ရှိမှုမျိုးကို လက်မခံခဲ့တာ အခုချိန်ထိ ပဲလေ။

သူသာ ထိုးချခံလိုက်ရရင် ပျောက်ကွယ်သွားမှာလို့ မင်းပြောလိုက်တာလား။

ဒါက မဖြစ်နိုင်တာပဲ။ ဒီလို ပုံရိပ်ယောင်လောကမှာ မင်းက လူကြိုက်များတဲ့ ဇာတ်ကောင်ဖြစ်နေသ၍ မင်းကို ကြိုက်တဲ့သူလဲရှိသလို မကြိုက်တဲ့သူလဲ ရှိမှာပဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now