အပိုင်း (၂၅၄) ချင်မော့က ဖူကျို့ရဲ့ အစ်ကိုကြီး ဆက်မလုပ်နိုင်တော့ဘူး

Começar do início
                                    

.... သူ သိသွားပါပြီ။

သူတို့ အခုလက်ရှိ မြင်တွေ့နေရတဲ့ ဂုဏ်ရောင်အဝါကို သိရှိခံစားရဖို့ အရမ်းကိုကြိုးစားနေကြတဲ့ လူတွေအများကြီး ရှိတယ်လေ။

ပို့စ်ကိစ္စသည်လည်း အရှိန်နှင့် ပျံ့နှံ့နေဆဲ ဖြစ်လေသည်။

ချင်မော့ ပါဝင်ပတ်သက်နေသည့်အတွက် ဖုန်းပြောအပြီးတွင် ဖုန်းရီသည် ချက်ချင်းလိုပင် လေယာဥ်လက်မှတ်ကို ပြောင်းလိုက်လေသည်။ သူသည် နေခဲ့ဖို့လိုအပ်ပြီး အသင်းကို အပူအပင်မရှိ ဆက်လက် လေ့ကျင့်နိုင်ရန် လုပ်ပေးရမည်။

အားလုံးကို စီစဥ်ပြီးသွားသောအခါ သူသည် ချင်မော့ဆီ အရင်ဆုံး ဖုန်းခေါ်လိုက်လေသည်။

ဖုန်းရီသည် အလွန်လုပ်ရည်ကိုင်ရည်ပြည့်ဝသော သူ ဖြစ်လေသည်။

“ သခင်လေးချင်ကို ကျွန်တော် ပိုစ့်တစ်ခု ပြစရာရှိလို့”

ထိုသို့ပြောပြီးနောက် သူသည် ထိုပို့စ်၏ လင့်ခ် ကို ပို့လိုက်လေသည်။

ယခုတွင် ထိုပို့စ်ကို တင်ထားသည်မှာ ခြောက်နာရီရှိသွားပြီ ဖြစ်သည်။

လူအများသည် ထိုကိစ္စကို မကျေနပ်ကြချေ။

“သောက်ကျိုးနည်း ဒါက နိုင်ငံတရားဝင်ဂိမ်းဝက်ဆိုက်လေ ၊ မင်းတို့ အတင်းပြောရမဲ့နေရာ မဟုတ်ဘူးကွ”

“အမှန်အတိုင်းပြောရရင် ငါက Spade Zကို အရမ်းအံ့ဩစရာကောင်းတာလို့ ထင်ခဲ့တာ ဒါပေမဲ့အခုတော့ ဟီး ဟီး.. ငါ စိတ်မဝင်စားတော့ဘူး”

“ငါ ရှင်းရှင်းပဲ ပြောထားမယ်နော် ကြီးမြတ်လှတဲ့သခင်လေးချင်က ဘယ်သူနဲ့မှ တွဲရတာ ကြိုက်တာမဟုတ်ဘူး၊ ဒီတော့ ကြီးမြတ်တဲ့သခင်လေးချင်ကို ဆွဲမချကြနဲ့”

“ဒီပိုစ့်က Spade Zကို မုန်းတဲ့သူက တင်လိုက်တာ သိသာနေတဲ့ဟာကို ဟင်းနော်”

“Spade Zက ယောကျ်ား တစ်ယောက်လေ၊ ကြီးမြတ်တဲ့သခင်လေးချင်နဲ့ သူနဲ့က အတွဲတွေလို့ ဘယ်သူများ ပြောနိုင်ရတာလဲ၊ ဒီလို အတင်းကြီးလုပ်ယူနေတာ သူ့ဟာသူ ရွံစရာကြီးလို့ မခံစားမိလို့လား”

“ ငါ ဘာထပ်ပြောရမလဲတောင် မသိတော့ဘူး၊ Spade Z က ဒီပိုစ့်နဲ့ ရိုက်စားလုပ်နေတာပဲ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Onde as histórias ganham vida. Descobre agora