အပိုင်း (၂၅၁) ကြီးမြတ်သောသခင်လေးချင်က ဖူကျို့ကို စမ်းသပ်နေတယ်

Comenzar desde el principio
                                    

“ ဒါကြောင့် မင်း ငါ့ဘေးမှာ ကောင်းကောင်းနေ၊ မင်းကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ငါ မမိစေနဲ့၊ ဟုတ်ပြီလား”

သည်တစ်ကြိမ်တွင် သည်နတ်ဘုရား ပြောလိုက်သည့် ကောင်းကောင်းနေဟူသော စကားသည် မတူကြောင်း ဖူကျို့ ခံစားမိလိုက်သည်။

သူသည် သူမကို စမ်းသပ်နေသည်ဟု ခံစားလိုက်ရလေသည်။

အမှန်အတိုင်းပြောရလျှင် သည်နတ်ဘုရား သူမကို ခေါ်ထားရခြင်းမှာ နိုင်ငံ့လက်ရွေးစင်ပွဲအတွက်သာမက သူမကို အနီးကပ်စောင့်ကြည့်ရန် ဖြစ်သည်ဟု သံသယမဖြစ်ဘဲ မနေနိုင်တော့ပေ။

သည်လိုသာဆိုလျှင်.... နောက်ပိုင်းတွင် သူမ၏လှည့်ကွက်များကို အသုံးချရန် အလွန်ခက်ခဲ လာပေလိမ့်မည်။

ဖူကျို့သည် စိတ်ရှုပ်သွားတော့သည်။ သူမသည် ဘယ်နှစ်ကြိမ် ပြန်လည်မွေးဖွားသည်ဖြစ်စေ သူ့ကို သတိထား နေရတော့ပေမည်။

သူမသည် မပျော်ရွှင်နိုင်တော့ဘဲ သူမကိုယ်သူမ စိတ်အေးအေးထားရန် အသင့်စားခေါက်ဆွဲကို ထပ်စားရန်လိုလာတော့သည်။

ချင်မော့သည် ဖူကျို့အား သူ့အစ်ကိုကြီးက ထိန်းချုပ်ရတာ ကြိုက်သည့်လူဟု မတွေးစေလိုချေ။ သူ့အပြုံးများကို မြင်တွေ့ နေရသည်ကပင် သူ့ကို ပျော်ရွှင်စေသောကြောင့် သူသည် အလွန်အကျွံ မဖြစ်စေချင်ပေ။

“ ဖုန်းမပါဘဲ ခရီးသွားဖို့က လုံးဝအဆင်ပြေမှာ မဟုတ်ဘူး၊ မနက်ဖြန် အတွင်းရေးမှူးလျန်ကို မင်းအတွက် ဖုန်းအသစ်တစ်လုံး ဝယ်လာခိုင်းလိုက်မယ်"

ဖူကျို့သည် ခေါက်ဆွဲကို မျိုချရင်း ပြောလိုက်လေသည်။

“ ငါလေးမှာ ဖုန်းရှိတယ်လေ”

ဒီနတ်ဘုရားက တစ်ချိန်လုံး သူမကို ပစ္စည်းတွေ ဝယ်ပေးတတ်တဲ့အကျင့် ဘယ်ကရလာတာလဲ၊ ဒါ ထောက်ချောက်တစ်မျိုးပဲ နေလိမ့်မယ်။

ချင်မော့သည် ကောင်လေး၏ အတွေးကို သိနေသည့်အလား ပြုံးလိုက်လေသည်။

“ဘာလဲ၊ မင်းဖတ်ရတာကြိုက်တဲ့ အဲဒီစာအုပ်တွေထဲက စိုးမိုးတတ်တဲ့ စီအီးအိုတွေက အဲလိုပဲ ပြုမူကြတာ မဟုတ်ဘူးလား၊ ခန့်ချောကြီး အိုးရန်လေ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Donde viven las historias. Descúbrelo ahora