အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

Start from the beginning
                                    

ထိုလူက ရှောင်ချန်း အတွက် နေရာချန်ပေးလိုက်တာကြောင့် ရှောင်ချန်း ကအလွယ်တကူ ကိုယ်ကို လှည့်လိုက်နိုင်သည်။

ရှောင်ချန်း ကလှုပ်ရှားဖို့တောင် အတော်လေး ပျင်းရိနေပြီး သူ့အား တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက တစ်ဝက်လောက်သာ ပွင့်နေသည်။

ဂူလူမင်း က ရှောင်ချန်း ရဲ့တစ်ဝက်ပေါ်နေသည့် သူ့ရဲ့‘ကြိုးစား’ခဲ့သည့် ရလဒ်နဲ့ ပြည့်နေသည့် ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။

နောက်ပြီး စောင်အောက်ရှိ ရှောင်ချန်း ကအဝတ်မဝတ်ထားကြောင်းလဲ သူသေချာသိနေသည်။

ထိုလူက သူ့ခေါင်းအား ရှောင်ချန်း ရဲ့လိပ်ပြာပုံ ကျောရိုးနားကပ်လိုက်ပြီး ဖိအားအရမ်းမများပေမဲ့ တစ်ဖက်လူရဲ့ အရည်ပြားကို ထိသွားသည်။

သူ့နှုတ်ခမ်းက ရှောင်ချန်း ရဲ့ကျောဘက်အား ဂရုတစိုက်ထိတွေ့နေပြီးနောက် အောက်ရွှေ့သွားခဲ့သည်။ သူ့မေးစေ့ဖြင့် စောင်အား အောက်ဘက် ခါးလိုင်းရောက်သည်အထိ ဆွဲချလိုက်သည်။

သူ့ကျောဘက်တွင် တက်တူးက နေရောင်အောက်မှ လုံးဝကို ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။

ဂူလူမင်း ရဲ့နှုတ်ခမ်းက အပေါ်ကို ကွေးတက်သွားပြီး သူ့နှုတ်ခမ်းနဲ့ ထပ်ထိတွေ့လိုက်သည်။

ဒါက သူ့အကြိုက်ဆုံး နေရာဖြစ်သည်။

သူ့အတွက် ဒါက အတော်လေးကို ညှို့ဓာတ်ပြင်းသည်။

မနေ့က သူ့ကို အတော်လေး ရက်ရက်စက်စက် ကြမ်းတမ်းမိသွားတာကြောင့် အခုတော့ လူငယ်လေးရဲ့ ခန္ဓာကိုယ် အဲ့လိုထပ်လုပ်ဖို့အတွက် ခံနိုင်ရည်မရှိတာကြောင့် နမ်းရုံလောက်နဲ့ သူ့ကိုယ်သူ ကျေနပ်လိုက်ရသည်။

သို့သော် ထိုလူရဲ့ တည်ရှိနေမှုက အရမ်းပြင်းထန်နေပြီး ရှောင်ချန်း ကလဲအရမ်းကို အိပ်ချင်နေခဲ့သည်။ သူက နိုးတစ်ဝက်ကြားတွင် သူ့ကျောမှ အပေါ်အောက် လှုပ်ရှားနေသည့် ခံစားချက်ကိုလဲ ခံစားမိနေခဲ့သည်။

လူငယ်လေးက မထိန်းချုပ်နိုင်တော့ပဲ ကိုယ်ကိုလှည့်လိုက်ကာ ထိုလူနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး တစ်ဖက်လူရဲ့ အညိုရောင် မျက်လုံးတွေကို ကြည့်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Aug 24, 2023 ⏰

Add this story to your Library to get notified about new parts!

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now