နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)

1.3K 275 1
                                    

Unicode

ကျိုးမင် ရဲ့မျက်လုံးက ရုတ်ချင်းပွင့်လာခဲ့ပြီး လှည့်ပတ်ကြည့်လိုက်သည်။ သူ့မျက်နှာက တင်းမာနေပြီး မျက်ခုံးတွေက ကြုတ်နေကာ သူ့နဖူးကလည်း တွန့်နေခဲ့သည်။
အသက်ရှင်နေတယ်။

သူ အသက်ရှင်နေတုန်းဆိုတာကို မယုံကြည်နိုင်သေးပေ။ သူဖြစ်ခဲ့တာကို မတွေးနိုင်သေးခင် ရုတ်တရက် တုန့်ပြန်လိုက်ပြီး သူထ,ထိုင်လိုက်ရင်း ပထမဆုံး ပြောလိုက်သည့် စကားက “ရှောင်ရှောင်! သူမ တစ်ခုခုဖြစ်ခဲ့တာလား?!”

ကျိုးမင် ရဲ့အိပ်ရာဘေးတွင် ရပ်နေသည့် ရှောင်ချန်း ကသူ့မျက်နှာအား ဂရုတစိုက် စစ်ဆေးနေခဲ့သည်။

ရှောင်ချန်း ကနူးညံ့စွာ ပြောလိုက်သည်။ “သူမ အဆင်ပြေပါတယ်” ထို့နောက် ထပ်ပေါင်းပြောလိုက်သည်။ “သူမက သူမအခန်းထဲမှာ၊ နောက်ပြီး အခုလောက်ဆို သူမ အိပ်နေလောက်ပြီ”

ကျိုးမင် ရဲ့နှလုံးသားက သက်တောင့်သက်သာ ဖြစ်သွားခဲ့ပြီး သူ့နှုတ်ခမ်းထောင့်က ကွေးသွားကာ ခေါင်းညိတ်လိုက်သည်။ သူ့ပုံစံက သေခြင်းတရားမှ အခုလေးတင် လွတ်မြောက်လာတာကြောင့် သိပ်အဆင်ပြေသေးပုံ မရပေ။

ရှောင်ချန်း ကသူ့မျက်နှာကို ကြည့်လိုက်ပြီး သူ့မျက်လုံးအား စိုက်ကြည့်လိုက်သည်။ “မင်း လော့ရှောင်ရှောင် နဲ့တစ်သက်လုံး အတူရှိနေချင်လား?”

ကျိုးမင် ရဲ့မျက်လုံးက အရောင်လက်သွားပြီး ခဏအကြာတွင် နည်းနည်းမပွင့်မလင်း ဖြစ်လာခဲ့သည်။ သူက အဝေးကို အကြည့်လွှဲလိုက်ပြီး သူ့ဘာသာ ပြောသလိုမျိုး ပြောလိုက်သည်။ “ငါ ဘာလိုချင်တာလဲ? ငါနဲ့သူမအတွက်တော့ အတူနေဖို့က မဖြစ်နိုင်ဘူး”

ဒီအသံက သူ့နတ်ဘုရားမနဲ့ အတူရှိနေချင်သည့် ချစ်ရေးဆိုသူနဲ့ တူမနေပေ။

ရှောင်ချန်း ကမျက်မှောင်ကြုတ်လိုက်သည်။

နောက်ပြီး ဒါက ဇာတ်ကားရဲ့ အဆုံးသတ်ကို သိနေတာနဲ့ ပိုတူနေတာကြောင့် ဇာတ်ကားကို ကြည့်နေချိန်တွင် အန္တရာယ်ဖြစ်စေနိုင်တာကို ရပ်တန့်နိုင်ဖို့အတွက် ကိုယ့်ဘာသာ ပြင်ဆင်ထားခဲ့တာနဲ့ ပိုတူနေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now