သေမင်းတမန် (၂)

4.1K 686 14
                                    

Unicode

“မင်း မြင်လိုက်တယ်လို့ ပြောခဲ့တာလား? ဘယ်လိုလုပ်ပြီး မြင်ခဲ့တာလဲ?” ယွမ်ဇောင် ကသူ့သိချင်စိတ်အား မထိန်းချုပ်နိုင်ပဲ ထိုစကားလုံးတွင် ထိတ်လန့်ခြင်းနဲ့ မယုံကြည်နိုင်ခြင်းတွေက ပါဝင်နေသည်။

လျန်ဂျင်း ကမြေပြင်တွင် ထိုင်ချလိုက်ပြီး သူ့တစ်ကိုယ်လုံးက လဲပြိုသွားသလို ဖြစ်နေသည်။ ဒါတွေအားလုံးက အိမ်မက်မဟုတ်တာကို သူသိနေခဲ့ပေမဲ့ ထိုအစား သူပြန်မွေးဖွားလာခဲ့တယ်!

သေဆုံးခြင်း နာကျင်မှုကို ခံစားရပြီးနောက် မသေဆုံးခင် အချိန်ကို သူပြန်ရောက်လာခဲ့သည်။

သူဘယ်လိုလုပ်ပြီး မကျိုးပျက်ပဲ နေနိုင်မှာလဲ?

သူက ရူးသွပ်စွာ ခေါင်းခါလိုက်ပြီး သူ့စိတ်တွေက ရှုပ်ထွေးနေသည်။ “ငါမသိဘူး၊ ငါမသိဘူး၊ ငါ့ကို ထပ်မမေးကြပါနဲ့!”

လူတိုင်းက ဒီအဖြေကြောင့် စိတ်မကျေနပ်ကြပဲ တခြားအရာကို ဆွဲထုတ်ဖို့ လုပ်နေတာကို သတိပြုမိသွားခဲ့ပြီး ရှောင်ချန်း ကချက်ချင်းပင် ရှေ့တိုးလိုက်သည်။ သူပြောလိုက်သည်။ “အရင်ဆုံး ရဲကိုခေါ်ရအောင်၊ ဒါမှ ဒီကိစ္စကို ကိုင်တွယ်နိုင်မှာ။ လျန်ဂျင်း ရဲ့အခြေအနေအရ ဒါကိုအပြင်ကို မပြန့်စေနဲ့ဦး!”

လျန်ဂျင်း ကသူ့စကားကို နားထောင်လိုက်ပြီး သူ့အား ကျေနပ်စွာ ကြည့်လိုက်သည်။ သူ့အတွက် အရာအားလုံးက မစစ်မှန်ပဲ လုယက်မှုမှ လွတ်မြောက်လာသလို ခံစားနေရသည်။

လူအားလုံးက သက်ပြင်းချလိုက်ကြပြီး ကြောက်လန့်စွာဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။ အုပ်စုထဲမှ မိန်းကလေး နှစ်ယောက်ရဲ့ မျက်နှာတွေက ဖြူဖွေးနေကြသည်။ သို့သော် ရှောင်ချန်း ကမျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုကို တွေးဆနေခဲ့သည်။

ကောင်းကင်တွင် နေလုံးက မြင့်တက်လာခဲ့သည်။ တောက်ပပြီး လူတိုင်းအပေါ် အလင်းရောင်က ဖြာကျနေသည်။

သူတို့က အာရုံမစိုက်နိုင်ချိန်တွင် ရှောင်ချန်း ကသူ့မျက်လုံးထဲတွင် ထူးဆန်းသည့်ပုံစံဖြင့် ဘေးဘက်လူတွေကို ကြည့်လိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Место, где живут истории. Откройте их для себя