Unicode
ရုတ်ချင်းပင် အသံလွှင့်မှုက လူတိုင်းရဲ့နားထဲဆီ ရောက်လာခဲ့သည်။ ဒါက တောင့်တင်းပြီး ခံစားချက် နည်းနည်းလေးတောင် မပါဝင်သည့် အမျိုးသား စက်အသံဖြစ်သည်။ စာတွေကို ဖတ်ပြနေသလိုမျိုး အသံက ရွတ်နေခဲ့သည်။ [ညဘက်ရောက်ဖို့ တစ်နာရီကျန်ပါတယ်။ ကစားသူများ၊ ကျေးဇူးပြုပြီး ပြင်ဆင်ထားကြပါ]
မိန်းကလေးတွေက မျက်လုံးပြူးသွားကြပြီး ထိတ်လန့်နေကာ တုန်လှုပ်လာကြသည်။
ရှောင်ချန်း ကသတိဝင်သွားခဲ့သည်။ “ဒီကမ္ဘာမှာ လူဘယ်လောက် ကျန်သေးလဲ? နောက်ပြီး ငါတို့လှုပ်ရှားမှု အပိုင်းက ဘယ်လောက်ကြီးမားလဲ? အခု ငါတို့အမြန် ပုန်းနေဖို့လိုတယ်”
မိန်းကလေး ခေါင်းဆောင်က အံကြိတ်လိုက်သည်။ “လူအများကြီး မရှိဘူး။ အတန်း ၄ ကကျောင်းသားတွေနဲ့ ရှင်ပဲ။ ကျွန်မတို့ တစ်ကျောင်းလုံး ရောက်လာခဲ့ကြတာ”
ရှောင်ချန်း ကသံသယဖြစ်သွားသည်။ “တစ်ကျောင်းလုံး? ဒါဆို ဘာကြောင့် နံရံကျော်တက်ပြီး ထွက်မပြေးတာလဲ?”
မိန်းကလေးထဲက တစ်ယောက်က ပြောလိုက်သည်။ “ကျွန်မတို့က အဲ့လိုမျိုး မတွေးခဲ့ဘူးလို့ ထင်နေတာလား? ထွက်ပြေးတဲ့လူတွေ ဘာဖြစ်သွားလဲ ရှင်သိရဲ့လား?”
ရှောင်ချန်း ကစကာပြောတာကို ချက်ချင်း ရပ်လိုက်သည်။ ဒီကမ္ဘာက အစစ်အမှန် ကမ္ဘာမဟုတ်ပေ။ သူတို့က ကျောင်းကနေ ထွက်ပြေးရင်တောင် အပြင်က ဘယ်လိုမျိုးလဲ? ဘယ်သူသိမှာလဲ?
သူ့ခေါင်းကို ငုံ့လိုက်ပြီး လေထုက ပိုပြီးတော့ ညှို့မှိုင်းလာခဲ့သည်။
ရုတ်တရက် သူ့လည်ပင်းအား တစ်စုံတစ်ခုက လာထိတွေ့တာကို ခံစားလိုက်ရပြီးနောက် လက်တစ်စုံက သူ့ခါးအား ချိတ်တွယ်လာခဲ့သည်။
ဒီအရာက ရှောင်ချန်း အားကြက်သီးထ,စေသည်။ အောက်ကို ငုံ့ကြည့်လိုက်ချိန်တွင် ဘာမှမမြင်နိုင်ပဲ မိန်းကလေးတွေလည်း ပုံမှန်မဟုတ်တာကို ဘာမှသတိမပြုမိပေ။
ဒီကမ္ဘာနဲ့ပတ်သက်ပြီး သရဲက သူ့ကို သတိပေးနေတာလား? ဒါမှမဟုတ် ရှုရှန်း?
YOU ARE READING
လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙
Horror[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ ငါ ဒီကမ္ဘာကြီးကို မုန်းတီးတယ်! ဒါပေမဲ့ ငါ မင်းကို ချစ်တယ်!] ရှောင်ချန်း ကသာမာန်လူ တစ်ယောက်ဖြစ်ပေမဲ့ သ...