လူသားစားမြို့(၁၁)

1.7K 379 4
                                    

Unicode

ဟူဘင်း ကသူ့ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားပြီး မျက်လုံးတွေက ပြူးနေခဲ့သည်။

သူ့ခေါင်းထဲမှ ထွက်လာသည့် အေးစက်တဲ့အသံကို သူကြားလိုက်သည်။ အသံကတော့ သူသေတာ၊ ရှင်တာကို ဂရုမစိုက်သည့် အသံနဲ့တူနေသည်။ ‘မင်းအသက်ရှင်ချင်ရင် နေရာတစ်ခုလုံးကို ပြာချပစ်ရမယ်’

ဟူဘင်း ကထိတ်လန့်နေပြီး သူ့သူငယ်အိမ်က စူးရှနေကာ လက်ချောင်းတွေက ဆုပ်ထားခဲ့သည်။ သူ့ခန္ဓာကိုယ်ကတော့ အခုလေးတင် ကြုံတွေ့လိုက်ရသည့် အရာကြောင့် ထိတ်လန့်နေတုန်းဖြစ်ကာ တုန်ရီနေသည့် နှလုံးသားဖြင့် မေးလိုက်သည်။ ‘မင်းက ဘယ်သူလဲ? မင်းကို ဘာကြောင့်ယုံကြည်ရမှာလဲ?’

ရယ်စရာဟာသကို ကြားလိုက်ရသလိုမျိုး ထိုလူက ရယ်လိုက်သည်။ ရပ်သွားပြီးနောက် သူ့အသံက ပိုအေးစက်သွားကာ ကြက်သီးထ,ဖို့တောင် ကောင်းနေသည်။ ‘မင်းမှာ တခြားရွေးစရာရှိမယ်လို့ ထင်နေတာလား?’

ဟူဘင်း ကရုတ်ချင်း တိတ်ဆိတ်သွားခဲ့သည်။

အဖြေကတော့ သိသာသည်။

မရှိဘူး။

ဟူဘင်း ရဲ့လည်ချောင်းက ခြောက်သွေ့လာရင်း သူ့ကိုယ်သူ တည်ငြိမ်ဖို့ကို တွန်းအားပေးလိုက်သည်။

အနေအထားကို ဘာမှမသိရသေးပဲ လူတစ်ယောက်ကို သူမယုံကြည်နိုင်ရုံပဲ! နောက်ပြီး ဒီလိုကောင်းတဲ့အရာက တစ်နေရာရာကနေ ထွက်ပေါ်လာမယ်လို့လည်း သူမယုံဘူး!

တောင်းဆိုချက်မရှိပဲ ဘာမှမဖြစ်ဘူး!

ဟူဘင်း ကအသက်ရှူလိုက်ပြီး တည်ငြိမ်စွာဖြင့် စိတ်ထဲကနေ မေးလိုက်သည်။ ‘မင်းမှာ တောင်းဆိုချက်ရှိလား? အကြောင်းပြချက်မရှိပဲ ငါ့ကိုကူညီပေးမယ်လို့ မထင်ဘူး!’

ထိုလူက သမ်းဝေလိုက်ပြီး အသံက စူးရှနေကာ ဖိနှိပ်ဖို့တောင် အရမ်းကိုခက်ခဲသည်။

ဟူဘင်း ကထိုလူပြောတာကို ကြားလိုက်သည်။ ‘မင်းက ပါးနပ်တယ်’

ဟူဘင်း ရဲ့နှလုံးသားက ချက်ချင်းပင် တင်းမာသွားခဲ့သည်။

ထိုလူက ဆက်ပြောလိုက်သည်။ ‘မင်းက တစ်ခုပဲလုပ်ဖို့လိုတယ်၊ နောက်ပြီး ဘာပြဿနာမှမရှိပဲ မင်း ဒီကနေ ထွက်သွားနိုင်တယ်’

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now