တစ္ဆေမျက်လုံး (၁)

1.2K 189 14
                                    

Unicode

“စီနီယာရှောင်ချန်း”

ပြတင်းပေါက်အပြင်ကို ငေးကြည့်နေသည့် ရှောင်ချန်း ကအသံလာရာဆီကို ကြည့်လိုက်သည်။

ပြောလိုက်သည့်သူက လှပသည့် မျက်နှာလေးနဲ့ စိတ်ထားကောင်းသည့် မိန်းကလေးဖြစ်သည်။ သူမမျက်နှာက ရှက်ရွံ့နေမှုကြောင့် အနီရောင် အလွှာပါးလေး ရှိနေသည်။ သူမက ဒူးမကျော်သည့် စကပ်ကို ဝတ်ထားပြီး သူမတွင် ကြည့်ကောင်းသည့် အသွင်အပြင်ရှိသည်။ သူမက အရမ်းနာမည်ကြီးသည့် မိန်းကလေးမျိုး ဖြစ်ပြီး နတ်ဘုရားမလို့ ပြောရင်တောင် မလွန်လောက်ပေ။

ရှောင်ချန်း ကတော့ အမူအရာမဲ့ပင်။ သူ့ဖီးနစ်မျက်ဝန်းအစုံက ကျက်သရေရှိနေသော်လည်း ခံစားချက်တွေတော့ ရှိမနေပေ။

“ဒါ... ရှင် ဒီနေ့အားလားဟင်? ကျွန်မတို့တွေ နေ့လည်စာ အတူစားလို့ရမလား?” မိန်းကလေးက အငြင်းခံရမှာ ကြောက်နေတာကြောင့် သတိထားကာ မေးလိုက်သည်။ သူမလှုပ်ရှားမှုတွေက မငြိမ်မသက်ဖြစ်နေပြီး အလျင်စလိုဖြစ်နေကာ သူမလက်နှစ်ဖက်ကလဲ မငြိမ်မသက် ဖြစ်နေသည်။

ရှောင်ချန်း ကသုံးစက္ကန့်လောက် တိတ်ဆိတ်နေပြီး အသံမထွက်ပဲ တစ်ဖက်လူအား သင့်တော်သည့် အကြောင်းပြချက်ဖြင့် ငြင်းဖို့ကို တွေးနေခဲ့သည်။

မိန်းကလေးက သူ့အတွေးကို ထိုးဖောက်မြင်သလိုမျိုး သူမအမူအရာက ရှက်ရွံ့သလို ဖြစ်လာခဲ့သည်။ သူမက အလျင်စလို ပြောလိုက်သည်။ “ရှင်မအားဘူးဆိုရင်လဲ ထားလိုက်ပါ၊ ကျွန်မတို့ နောက်ဆိုလဲ တွေ့ကြမှာပဲလေ၊ အိုကေ?”

မိန်းကလေးက သေချာတွေးပေးနေပြီး ကောင်းမွန်စွာ ပြုမူနေခဲ့သည်။ သူမက ရှောင်ချန်း အားဒီတစ်ကြိမ် ငြင်းဆန်ဖို့ ခွင့်ပြုလိုက်ရုံသာမက သူတို့နှစ်ယောက်ကြား အနေရခက်မနေအောင် လုပ်ခဲ့သည်။ ထို့နောက် သူမက သူမအား ထပ်ငြင်းဖို့ ခက်ခဲသွားအောင် ဖိတ်ကြားမှုအသစ်ကိုပါ လုပ်ခဲ့သည်။

ရှောင်ချန်း ရဲ့မျက်လုံးတွေက ပင့်လာခဲ့ပြီး သူ့အကြည့်မှ အကြည့်လွှဲဖို့လုပ်လိုက်သည့် မိန်းကလေးရဲ့ အကြည့်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now