Unicode
“မြန်မြန် လွှကဟိုမှာ ယူလိုက်၊ မြန်မြန်လုပ်!” ကတုံးဆံပင်နဲ့ ကောင်လေးက သူ့ဘေးမှ လူတွေအား အော်လိုက်သည်။ သူက နောက်ဆုံး အသက်ရှူမှုအား ပြုလုပ်နေသည့် ဝမ်တောင် အားဖိချထားခဲ့သည်။
ဒါက နောက်ဆုံးအလှည့်ပဲ! ဝမ်တောင် ရဲ့ညာခြေကို ဖြတ်ထုတ်နိုင်ရင် သူတို့ ရှင်သန်နိုင်ပြီ!
လူတိုင်းရဲ့ အမူအရာက ရက်စက်စွာဖြင့် အကျည်းတန်နေသည်။ သူတို့ရဲ့ ရူးနှမ်းမှုမှ သွေးဆာလောင်မှုကို ပြောင်းလဲသွားခဲ့ကြသည်။
ဝမ်တောင် ကကြမ်းပြင်တွင် လှဲလျောင်းနေခဲ့သည်။ သူ့ညာလက် တစ်ခုလုံးက တစ်ခုခုမှ တိုက်စားခံနေရပြီး အဖြူရောင် အရိုးတွေက ပေါ်လာခဲ့သည်။ သူ့အသားအရည်က စတင်ပြီး ပြတ်ကျနေကာ သူ့ခေါင်းနောက်မှလည်း အဖြူအရည်ကြည်တွေက ထွက်ကျနေခဲ့သည်။ သူ့မျက်လုံးနှစ်လုံးက တခြားသူရဲ့ ဆွဲထုတ်ခြင်းကို ခံထားရပြီး ဘာမှမရှိတော့သည့် အရိုးစုလို ဖြစ်နေသည်။ သူ့မျက်လုံးနေရာမှ သွေးတွေက စိမ့်ကျနေရင်း လက်ဆတ်သည့် သွေးတွေက သူ့မျက်နှာတွင် စီးကျနေကာ နီရဲနေသည်။ ဝမ်တောင် ကလှုပ်ရှားမှု ကင်းမဲ့နေကာ လူသေနဲ့ မထူးခြားတော့ပေ။
“Creak, creak”
“Creak, creak”
ကျောင်းသားတွေရဲ့ အဝတ်တွေ၊ လက်တွေနဲ့ မျက်နှာတွေက သွေးတွေနဲ့ ပေကျံနေသည်။ တချို့က ရပ်နေကြပြီး၊ တချို့က ထိုင်နေကြသည်၊ တချို့က ဝမ်တောင် ရဲ့ခြေလက် လေးချောင်းအား ဆွဲထားကြသည်။
သူတို့က ခံစားချက်မဲ့နေကြပြီး တက်ကြွနေကြသည်။
မြန်မြန်! ပိုမြန်ဦး!
သူ့ခြေထောက်ကို ဖြတ်ထုတ်ပြီးတာနဲ့ ငါတို့ အနိုင်ရပြီ!
ပိုမြန်ဦး! ပိုမြန်ဦး!
“ဘမ်း” လွှက ကြမ်းပြင်ပေါ် ကျသွားခဲ့သည်။
ဖြတ်ပြီးသွားပြီ!
လူတိုင်းရဲ့ မျက်လုံးတွေက ပြူးထွက်နေပြီး ပီတိဖြစ်နေကြသည်။
ငါတို့တွေ အသက်ရှင်ပြီ! အရမ်းကောင်းတယ်!
[ကျန်းမာမှုတန်ဖိုးအား စစ်ဆေးခြင်း၊ ဒီအလှည့် ဝမ်တောင်၊ King ကစားသမားရဲ့ ကျန်းမာမှုတန်ဖိုးက ဇီးရိုးပါ။ ဂိမ်းကျရှုံးပါတယ်] ဒီတစ်ကြိမ်တွင်တော့ အသံလွှင့်မှုက အနှောင့်အယှက်ကင်းစွာ လှည့်စားသည့် အသံဖြင့် တိကျနေသည်။
ВЫ ЧИТАЕТЕ
လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙
Ужасы[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ ငါ ဒီကမ္ဘာကြီးကို မုန်းတီးတယ်! ဒါပေမဲ့ ငါ မင်းကို ချစ်တယ်!] ရှောင်ချန်း ကသာမာန်လူ တစ်ယောက်ဖြစ်ပေမဲ့ သ...