သေမင်းတမန် (၁၃)

2.3K 503 15
                                    

Unicode

“လျန်ဂျင်း၊ ငါမဖျားဘူး! နင်စိတ်လွတ်သွားတာလား? ငါ့ကိုထုတ်ပေး! ငါ့ကိုလွှတ်ပေး!!!” ဝမ်ရှင်း ကအိပ်ရာပေါ်တွင် ရူးနှမ်းနေသည့် အမျိုးသမီးလို ရုန်းကန်နေခဲ့သည်။ သူမခြေထောက် နှစ်ချောင်းက အိပ်ရာထောင့်စွန်းဘက်တွင် ချည်နှောင်ထားခံရပြီး သူမလက်ကောက်ဝတ်၊ လက်မောင်းတစ်ဖက်တွင် ချည်နှောင်ထားကာ တခြားတစ်ဖက်ကတော့ ဒဏ်ရာရနေတာကြောင့် ပတ်တီးစည်းထားခဲ့သည်။

ဝမ်ရှင်း ရဲ့မျက်လုံးတွေက မချိတင်ကဲဖြစ်နေပြီး သူမအမူအရာက အရုပ်ဆိုးပြီး မုန်းတီးခြင်းတွေနဲ့ ပြည့်နေသည်။ သူမက တက်နိုင်သလောက် ရုန်းကန်နေပေမဲ့ မလှုပ်ရှားနိုင် ဖြစ်နေသည်။

လျန်ဂျင်း ကအိပ်ရာဘေးတွင် စကားတစ်လုံးမှ မပြောပဲ ရပ်နေခဲ့သည်။

“ငါ နင့်ကို ပြောနေတယ်လေ! နင်ငါ့ကို စိတ်ကျန်းမာရေး ဆေးရုံကို ပို့လိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ နင်ထင်နေတာလား? နင်ရူးနေတာပဲ! နင်က လူသတ်သမားကောင်! မကောင်းဆိုးဝါး!!!!!” ဝမ်ရှင်း ကရုန်းကန်နေခဲ့သည်။ သူမက လျန်ဂျင်း အားသူမမိဘတွေကို သတ်ခဲ့သည့် ရန်သူလို ကြည့်နေခဲ့ပြီး မြန်မြန်သွားပြီး အစိမ်းလိုက် ကိုက်ပစ်လိုက်ဖို့ မစောင့်နိုင်တော့တဲ့ ပုံစံမျိုး ဖြစ်နေသည်။

လျန်ဂျင်း ရဲ့မူလက အမူအရာမဲ့သည့် မျက်နှာထားက တစ်ခုခုကြောင့် ကျိုးပျက်သွားပေမဲ့ အလျင်အမြန်ပင် ပြောင်းလဲသွားပြီး သူ့အကြည့်က ပိုအေးစက်သွားခဲ့သည်။

စိတ်ရှည်သည်းခံမှုက ပိုတင်းမာလာပြီး ဘာမှတောင် မပြောတော့ပဲ သူမဘေးမှ သူနာပြုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့ထဲက တစ်ယောက်က ရှေ့တိုးလုက်ပြီး ဝမ်ရှင်း ရဲ့ပုခုံးကို ဖိချလိုက်ကာ တခြားလူကလည်း ရှေ့တိုးက သူမအား စိတ်ငြိမ်ဆေး ထိုးပေးလိုက်သည်။

လျန်ဂျင်း ရဲ့လက်သီးက တင်းကြပ်စွာ ဆုပ်ထားပြီး သူ့မျက်လုံးတွေက အေးစက်နေကာ သူ့ရှေ့မှ တဖြည်းဖြည်း ငြိမ်ကျသွားပြီး အိပ်ပျော်သွားသည့် ရူးနှမ်းနေသည့် အမျိုးသမီးကို ကြည့်နေခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now