နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)

1.2K 282 0
                                    

Unicode

သတိပေးခြင်းမရှိပဲ မိုးက သည်းသည်းမဲမဲ ရွာလာခဲ့သည်။

မိုးက အရမ်းသည်းနေပြီး လေကလည်း ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည်။

လေတွေတိုက်လာချိန်တွင် ပြတင်းပေါက်နဲ့ တံခါးတွေက လှုပ်ရှားလာခဲ့သည်။ ယောင်္ကျား လက်မောင်းလုံးလောက်ရှိသည့် သစ်ကိုင်းတွေတောင်မှ ပန်းပွင့်တွေနဲ့ အပင်တွေလိုမျိုး ယိမ်းထိုးနေပြီး သေးငယ်သည့် ကိုင်းတွေဆိုရင် ပြင်းထန်သည့်မိုးနဲ့လေကြောင့် နှစ်ပိုင်းကျိုးကျသွားခဲ့သည်။

ထိုအရာထက် ပိုထူးဆန်းတာက အခုချိန်က နွေရာသီဖြစ်နေတာတောင် အရမ်းကိုအေးနေသည်။

ကျိုးမင် ကအိပ်ရာပေါ်တွင် လှဲနေပြီး အခန်းပြတင်းပေါက်ကို မျက်နှာမူထားခဲ့သည်။

သူ့အမူအရာက ပြောင်းလဲခြင်းမရှိပေ။ သူက ကျောက်ရုပ်လိုဖြစ်နေကာ သူ့မျက်လုံးတွေကတောင် မှုန်မှိုင်းနေသည်။

ပြတင်းပေါက်အပြင်မှ အသံတွေက အရမ်းကိုကျယ်နေတာကြောင့် လျစ်လျူရှုထားဖို့က အရမ်းခက်နေပြီး လေနဲ့မိုးဒဏ်ကြောင့် ပြတင်းပေါက်နဲ့ တံခါးတွေက ပြင်းပြင်းထန်ထန် လှုပ်ရှားနေတဲ့အသံတွေက အနှောက်အယှက် ဖြစ်စရာပင်။

ကျောင်းတွင် အတန်းတွေကို ရပ်ထားခဲ့တာ ဒုတိယမြောက်နေ့ဖြစ်ပြီး ကျောင်းသားတွေက သူတို့အခန်းထဲတွင်သာ နေနေကြဖို့ အမိန့်ပေးခံထားရသည်။

ကျိုးမင် ကပြတင်းပေါက် အပြင်ကို စိုက်ကြည့်နေခဲ့သည်။ သူ့ညာဘက်လက်ရှိ လက်ချောင်းတွေက သူ့ဘယ်ဘက် လက်မကို ဆက်တိုက်ပွတ်နေပြီး နည်းနည်းစိုးရိမ်နေပုံရသည်။

သူက ပြတင်းပေါက်အပြင်ရှိ ပန်းပွင့်ကို စိုက်ကြည့်နေတာလား၊ ကြည့်မနေဘူးလားဆိုတာက မသေချာပေ။ သူ့အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး သူ့မျက်လုံးတွေက ဘေးဘက်ရှိ ရှောင်ချန်း ဆီရောက်သွားသည်။

ရှောင်ချန်း ကကြိုးပြတ်နေသည့် ရုပ်သေးရုပ်လိုမျိုး ခုံပေါ်တွင် ထိုင်နေတာက လူတွေအား မယုံနိုင်သည့် ခံစားချက်ကို ဖြစ်စေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now