Unicode
“အမ်၊ ဝမ်ဂျင်းရီ ကိုနင်သိလား?”
“Pff, ဘယ်သူက မသိပဲနေမှာလဲ! ဘာကြောင့်လဲ? သူမက လီတ ကိုသတ်ခဲ့တယ်လို့ ရဲက သံသယဝင်နေတာလား?”
“ဟဟ၊ နင်မပြောရင်တောင် သူမက သံသယအရှိဆုံးလူပဲ! ဒါပေမဲ့ ငါပြောချင်တာက အဲ့အကြောင်း မဟုတ်ဘူး”
“ဘာကြောင်းလဲ?”
“မနေ့က အဆင့်တွေကို နင်မြင်လိုက်လား? ငါတို့ဌာနမှာ သူမက အမြဲတမ်း အဆင့် ၁ ပဲမဟုတ်ဘူးလား? မနေ့ကတော့ သူမက အတန်းရဲ့အောက်ကို ရောက်နေတယ်! OMG! နောက်ပြီး နင်မသိလောက်ဘူး၊ အရင်ရက်ကလည်း သူမပုံစံက ရာစုနှစ်တစ်ခုစာလောက် အသက်ကြီးသွားတဲ့ပုံပဲ၊ ဒါပေမဲ့ ဒီနေ့ကျတော့ သူမရဲ့ ဆယ်ကျော်သက် အသားအရည်ကို ပြန်ရနေတယ်! သရဲလိုပဲဟ!”
“အမ်! နင်မပြောနဲ့! ဒီနေ့ရဲ့စစချင်းအတန်းက သူမနဲ့ငါနဲ့က တစ်တန်းတည်း၊ နောက်ပြီး သူမကို ဆရာက မေးခွန်းတစ်ခုတောင် မေးလိုက်သေးတယ်။ အဲ့မေးခွန်းက ငါတောင်ဖြေနိုင်တဲ့ အရမ်းလွယ်တဲ့ မေးခွန်းမျိုးပဲ။ သူမ ဘာဖြစ်နေမှန်း ငါတောင် မသိတော့ဘူး။ သူမက ပြန်မဖြေပဲ အချိန်အကြာကြီး ရပ်နေခဲ့တယ်”
တစ်လမ်းလုံးတွင် စကားပြောကာ အဆက်မပြတ် အတင်းပြောနေကြသည့် လူတွေက ရှိနေကြပြီး နှစ်ယောက်၊ သုံးယောက်လောက်က အတူတူလျှောက်က အတင်းပြောနေခဲ့ကြသည်။
ဒီနေ့တွင် ဝမ်ဂျင်းရီ နာမည်နဲ့ ပြောနေကြသည့် အကြောင်းတွေကို ရှောင်ချန်း ကြားခဲ့တာက ဒီတစ်ကြိမ်က လေးကြိမ်မြောက်ဖြစ်သည်။
တွေးလိုက်ပြီး ရှောင်ချန်း ကရပ်လိုက်သည်။ မထိန်းချုပ်နိုင်ပဲ အိပ်မွေ့ချခံရသူလို သူမနာမည်အား ရေရွတ်လိုက်သည်။ “ဝမ်ဂျင်းရီ”
သူ့ဘေးပတ်လည်မှ လေတွေက အေးသွားသလိုမျိုး ရှောင်ချန်း ခံစားလိုက်ရပြီး တစ်နေရာရာမှ လေပြည်လေးက သူ့ရှေ့ဆံပင်ကို ထိခတ်လာခဲ့သည်။ ရှောင်ချန်း ရဲ့မျက်လုံးတွေက ရှေ့ဆံပင်နဲ့ ကာနေပြီး မျက်မှန်ထူကို ဝတ်ထားသည်။ လေက တိုက်ခတ်လာပြီး ထိုမျက်လုံးတွေကို ထွက်ပေါ်သွားစေသည်။
YOU ARE READING
လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙
Horror[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ ငါ ဒီကမ္ဘာကြီးကို မုန်းတီးတယ်! ဒါပေမဲ့ ငါ မင်းကို ချစ်တယ်!] ရှောင်ချန်း ကသာမာန်လူ တစ်ယောက်ဖြစ်ပေမဲ့ သ...