အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

1K 96 6
                                    

Unicode

နွေးထွေးသည့် နေရောင်က ဖန်မှတဆင့် အခန်းထဲကို တိုးဝင်နေပြီး အလင်းရောင်တန်းလေးတွေက ပျံ့ကျဲနေကာ ကြမ်းပြင်အား ကြယ်လေးတွေလိုမျိုး အစက်အပျောက်လေးတွေ ပေါ်လာစေသည်။

စောင်အောက်မှ လူငယ်လေးက တွန့်လိမ်သွားခဲ့သည်။ သူ့ခေါင်းကို စောင်နဲ့အုပ်ထားပြီး ဆံပင်အနည်းငယ်ကိုသာ မြင်နိုင်သည်။

ပိုးချည်ကောင်လေးလိုမျိုး သူက တွန့်လိမ်နေသည်။

အချိန်ခဏအကြာတွင် အသက်ရှူဖို့ ခက်တာကြောင့် ရှောင်ချန်း ကသူ့ခေါင်းကို ထုတ်လိုက်သည်။

သူ့မျက်လုံးတွေကို တဖြည်းဖြည်း ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် အကြောဆန့်လိုက်သည်။

သူ့ညှပ်ရိုးနဲ့ ရင်ဘတ်တွေတွင် အနီရောင်အမှတ်တွေ ရှိနေပြီး ပုံစံမျိုးစုံဖြစ်နေကာ ကြည့်တာနဲ့ အနမ်းအမှတ်တွေဆိုတာ ပြောနိုင်သည်။

နေရောင်က သူ့ကိုယ်ပေါ် တောက်ပနေပြီး ရှောင်ချန်း ကစောင်ထဲမှ ကိုယ်ကိုလှည့်လိုက်ကာ ဝမ်းလျားမှောက်လိုက်ပြီး ပင်ပန်းနေသည့် မျက်နှာဖြင့် သူ့ခေါင်းအား ခေါင်းအုံးထဲ နှစ်ထားခဲ့သည်။

ဒီပုံစံက သူ့လိပ်ပြာပုံ ကျောရိုးအား သိသာစေသည်။ သူက ပိန်ပါးသော်လည်း အသားဖြူပြီး သားရည်ယိုစရာ အလှလေးဖြစ်သည်။ ဒါက လူတွေအား ထိုနေရာတွင် အနီရောင် အမှတ်အသားတွေ ချန်ထားမိအောင် ပြုလုပ်ချင်စေသည်။ တကယ်တော့ တစ်စုံတစ်ယောက်က ရှိပြီးသားပင်။

ရှောင်ချန်း ကမူးနောက်နေပြီး ခေါင်းအုံနေကာ မူးလဲချင်သလို ဖြစ်နေသည်။ ဒါက ညတုန်းက ထိုလူက အရမ်းကြမ်းခဲ့တာကြောင့်လား သူပဲအအိပ်လွန်သွားတာကြောင့်လားဆိုတာ မပြောနိုင်ပေ။

သူ့ခေါင်းထဲမှာ ထိုလူက ပေါ်လာသည်နှင့် အခန်းတံခါးက ပွင့်လာခဲ့သည်။

ထိုလူက ဝင်လာသည်နှင့် သူက လူငယ်လေးဆီ ပစ်ဝင်လိုက်ကာ စောင်ထဲမှနေရင်းတောင် ရှောင်ချန်း ကထိုလူရဲ့ အပူကို ခံစားနိုင်သည်။

ဒါတင်မကပဲ သူ့ကျောမှ ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရသည်။

Ai ajuns la finalul capitolelor publicate.

⏰ Ultima actualizare: Aug 24, 2023 ⏰

Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Unde poveștirile trăiesc. Descoperă acum