အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)

582 96 2
                                    

Unicode

“ဘာကြောင့်သေတာလဲဆိုတာ သိလား?” ကျန်းဟွေ့ ကနည်းနည်းကြောက်နေကာ အဆောင်အကြောင်း အကုန်သိသည့် ကျိုးခဲယု ကိုလှည့်ကြည့်လိုက်သည်။

စတုတ္ထအလွှာမှ လူတစ်ယောက် သေသွားတည်းက ရေချိုးခန်းတံခါးလဲ ပိတ်သွားခဲ့သည်။ ချိတ်ပိတ်ထားတာ မဟုတ်ရင်တောင် ဝင်ဖို့တောင် သတ္တိမရှိပေ။

ကျိုးခဲယု ကအစွဲအလမ်းကြီးသည့် လူမျိုးမဟုတ်ပေ။ သူက ဖုန်းကစားနေရင်း ပန်းသီးကို လှည့်နေခဲ့သည်။ သူ့ခြေထောက်တွေက လှုပ်နေပြီး ဂရုမမူစွာဖြင့် ပြောလိုက်သည်။ “ပြောရရင်တော့ ရုတ်တရက် သေတာပေါ့”

“ရုတ်တရက် သေတာလား? သူက တော်တော်လေးကို အခြေအနေကောင်းတာကို၊ ဘယ်လိုလုပ်ပြီး ရုတ်တရက် သေတာ ဖြစ်နိုင်မှာလဲ?” ကျန်းဟွေ့ ကသံသယဖြစ်နေပြီး အိပ်ရာပေါ်ရှိ သူ့ခန္ဓာကိုယ် တွန့်လိမ်နေပြီး သူ့ခေါင်းကို ဆွဲဆန့်လိုက်သည်။

“ငါမသိဘူးလေ၊ အကုန်လုံး အဲ့အတိုင်း ပြောနေကြတာပဲ။ သူမသေခင် ကြောက်စရာကောင်းတာ တစ်ခုခု မြင်သွားတာ၊ ဒါမှမဟုတ်ရင် တစ်ခုခုနဲ့ ကြုံပြီးတော့ ချောပြီးတော့ ရုတ်တရက်ကြီး သေသွားတာ ဖြစ်မှာပေါ့” ‌ကျိုးခဲယု ကပန်းသီးကို နောက်တစ်ကိုက် ကိုက်လိုက်သည်။

“ဒါက အသတ်ခံရတာတို့၊ သတ်သေတာတို့ မဟုတ်ဘူးလား?” သူ့ဘေးကလူက မေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ်၊ ရဲတွေကတော့ ဒါကို မတော်တဆ သေဆုံးခြင်းလို့ ဆုံးဖြတ်ခဲ့တာပဲ”

ရှောင်ချန်း ကငေးငိုင်နေသည့် မျက်နှာထားဖြင့် ခုံပေါ်တွင် ထိုင်နေကာ အခန်းထဲမှ တခြားသူတွေရဲ့ စကားတွေကို နားထောင်နေခဲ့သည်။

ဘာသူမှ မသိခဲ့ပေ။

သူဖြစ်နေခဲ့သည်။ အဓိကက သူ မသေခင် တွေ့သွားခဲ့သည့် လူက သူဖြစ်နေခဲ့သည်။

ထိုအကြောင်းကို တွေးလိုက်ပြီး ရှောင်ချန်း ရဲ့ခေါင်းထဲတွင် အသံတွေ မြည်လာခဲ့သည်။

ရုတ်တရက် သေသွားတဲ့အကြောင်းကို ကြားလိုက်ပြီး သူ့ခံစားချက်က နည်းနည်းလေးလောက်သာ တိုးတက်လာခဲ့ပေမဲ့ ခံစားချက်ကတော့ အတော်လေးကို နိမ့်ကျနေတုန်းပင်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Opowieści tętniące życiem. Odkryj je teraz