အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)

320 62 1
                                    

Unicode

တောက်ပလွန်းသည့် နေရောင်က မျက်စိကျိန်းစရာပင်။

ရှောင်ချန်း ကနေရောင်အား သူ့မျက်လုံးမှ ကာဖို့အတွက် လက်ကိုမြှောက်လိုက်သည်။

ရုတ်တရက် သူလှည့်လိုက်ပြီး သူ့အရိပ်ကို ကြည့်လိုက်သည်။ မြေပြင်မှ အရိပ်ရဲ့ ပုံစံကို ကြည့်လိုက်ပြီး ရှောင်ချန်း ကသူ့နှလုံးသားထဲမှ နာကျင်မှုကို ခံစားလိုက်ရသည်။

“ငါ မင်းရဲ့အရိပ်လေး ဖြစ်ချင်တယ်” တစ်စုံတစ်ယောက်က သူ့အား တစ်ခါက ပြောခဲ့ဖူးသည်။

ရှောင်ချန်း ကတုန်သွားပြီး သူ့နဖူးကို ရိုက်လိုက်သည်။

သူ အခုနောက်ပိုင်း အဲ့လူကို ခနခန တွေးမိလာသည်။

ရှောင်ချန်း ကသူ့နောက်ကျော တက်တူးမှ နာကျင်မှုအနည်းငယ်ကို ခံစားနေရတုန်းဖြစ်ပေမဲ့ ဒီနာကျင်မှုတွေက ရှောင်ချန်း အတွက် လက်ခံနိုင်သည့် အခြေအနေအတွင်း ရှိနေတုန်းပင်။

အရိပ်က တဖြည်းဖြည်းနဲ့ ရှောင်ချန်း ရဲ့ခြေကျင်းဝတ်မှ အပေါ်တက်လာပြီး ပေါင်၊ တင်ပါး၊ တစ်လျှောက်လုံး အပေါ်တက်လာကာ ရှောင်ချန်း ရဲ့ကုတ်အင်္ကျီထဲ တိုးဝင်သွားခဲ့သည်။

ထိုအရာက ရှောင်ချန်း ရဲ့ကျောမှ တက်တူးပုံကို ရူးသွပ်စွာ ကြည့်လိုက်ပြီး ညင်သာစွာ ထိတွေ့လိုက်ကာ သွေးစလေးတွေ ကျန်နေသေးတာကို ကြည့်နေခဲ့သည်။ ဒါက သူ့အတွက် အနည်းငယ် နာကျင်ရပေမဲ့ သူ့ကိုယ်တွင်းတွင် စိတ်လှုပ်ရှားမှုနဲ့ ရူးသွပ်မှုတွေကိုလဲ ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ငါ့အပိုင်! ဒါ ငါ့အပိုင်!

ဟီးဟီး။

ရှောင်ချန်း ရဲ့ခြေတစ်လှမ်းက ကျောင်းဂိတ်ပေါက်ကို လှမ်းဝင်လိုက်သည်နှင့် ရုတ်တရက် သူ့ခေါင်းကို မော့လိုက်ကာ တစ်ခုခုက မှားနေကြောင်း နားလည်သွားခဲ့သည်။

“ဘုံး!” ဆူညံသံတစ်ခုက ထွက်ပေါ်လာပြီး အနက်ရောင် ကောင်းကင်မှ လျှပ်စီးတစ်ချက် လျှပ်သွားခဲ့သည်။

အသံက ကျယ်လောင်တာကြောင့် ရှောင်ချန်း ရဲ့နားတွေက အူသွားခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now