အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)

Start from the beginning
                                    

သူအရမ်းပျော်သွားပြီး ခလုတ်ကို နှိပ်လိုက်သည်။ သို့သော် အလင်းရောင်က ပွင့်မလာခဲ့ပေ။

Shit!

“ဘုံး” ပြတင်းပေါက် အပြင်ဘက်မှ နောက်ထပ်မိုးကြိုးသံက ထွက်ပေါ်လာပြီး လျှပ်စီးပါ တစ်ပြိုင်နက်ထဲ ဖြစ်လာသည်။

ဝမ်ချင်ချင် ကတွန့်သွားကာ ဟေးလဲ့ ကိုခေါ်လိုက်သည်။ သူမက အရမ်းကြောက်နေတာကြောင့် တုန်နေပြီး ကြမ်းပြင်တွင် ထိုင်ချမိလုနီးပါး ဖြစ်သွားသည်။

ထိုအခန်းသေးလေးထဲတွင် ပစ္စည်းတွေ အများကြီးနဲ့ လူအများကြီး ရှိနေပြီး ဒါက လူအရမ်းများနေတာကို သေချာမမြင်နိုင်ပေ။

လျှပ်တပြတ် အလင်းရောင်က လူတွေရဲ့ မျက်နှာကို လင်းသွားစေပြီး များပြားလှသည့် အရိပ်အလွှာတွေ ပေါ်လာခဲ့သည်။ ဒါကို လူတွေရဲ့ မျက်လုံးနဲ့ မြင်လိုက်ရရင် သူတို့က အရိုးခြောက်နဲ့တူနေပြီး မျက်လုံးတွေက ဘာမှကို မမြင်နိုင်ပေ။

ထိုအချက်ကို ဖယ်ထားရင်တောင် လူတွေက ကြောက်လန့်ပြီးသားဖြစ်နေပြီး အခုချိန်တွင်တော့ သူတို့မျက်နှာတွေက အမူအရာမဲ့နေတာက ပိုကြောက်ဖို့ကောင်းနေသည်။

ဟေးလဲ့ ကတံတွေးမြိုချလိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်ထားကာ သူမမျက်လုံးတွေက မျက်ရည်တွေနဲ့ ပြည့်နှက်နေသည်။ လျှပ်စီးလျှပ်သွားချိန်တိုင်း သူမက အရမ်းကြောက်တာကြောင့် သူမခန္ဓာကိုယ်က တုန်ရီနေပြီး သူမက ဓာတ်လိုက်သွားသလိုမျိုး ထိတ်လန့်သွားကာ သူမဆံပင်မွှေးတွေက ထောင်သွားကြသည်။

ဝမ်ချင်ချင် ကအစတည်းက ဘောလုံးလိုမျိုး ကွေးနေခဲ့ပြီး ဟေးလဲ့ နဲ့မျက်နှာချင်းဆိုင် အရမ်းနီးကပ်သည့် နေရာတွင် ထိုင်နေခဲ့သည်။

လျှပ်စီးက လင်းလာခဲ့သည်။

ဝမ်ချင်ချင် ရဲ့မျက်လုံးတွေက ရှေ့ကိုကြည့်နေရင်း ရုတ်ချည်းပြူးကျယ်သွားပြီး သူမတစ်ကိုယ်လုံးက ထိုနေရာတွင် မလှုပ်မယှက် ရပ်သွားခဲ့သည်။ သူမအမူအရာက အရမ်းကိုထိတ်လန့်နေပုံပေါ်ကာ နှလုံးဖောက်သွားပုံရသည်။ သူမက ပါးစပ်ကို ဖွင့်ထားပြီး တစ်ခုခုအား အရမ်းလန့်နေတာကြောင့် ဘာအသံမှထွက်မလာခဲ့ပေ။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now