အပိုင်း (၂၄၂) ဆာဗာတစ်ခုလုံး တုန်လှုပ်သွားခြင်း

Start from the beginning
                                    

“Supremeအသင်း အသစ်ပြန်လည်မွေးဖွားခြင်း”

ဖန်တစ်ယောက် လိုက်ပြောလိုက်ခြင်း ဖြစ်သည်။

တစ်ယောက်သည် စ,ပြောလိုက်သည်နှင့် နောက်မှ လိုက်လာကြလေတော့သည်.....

ထို့နှင့် တစ်ယောက်ပြီး တစ်ယောက် တိုးလာကာ... မရေတွက်နိုင်သော “Supremeအသင်း အသစ်ပြန်လည်မွေးဖွားခြင်း” ဟူသည့် မက်ဆေ့များသည် စခရင်ပေါ်တွင် ပေါ်နေတော့၏။

အချို့အသင်းများမှာ သူတို့၏မိုက်ကို ပစ်ပေါက်ချင်စိတ်များ ဖြစ်သွားတော့သည်။

ဒီလိုပုံစံနဲ့ ငါ ဂိမ်းကို ဘယ်လို ဆော့နိုင်တော့မှာလဲ။

သူတို့အားလုံးက အသင်းကြီးက ကစားသမားတွေပဲဟာ သူတို့ကျမှ ဘာလို့ ဒီလိုထူးထူး ခြားခြား ဆက်ခံနေရတာလဲ။

သူတို့ လော့အင် ဝင်လိုက်ရင် အရမ်းကို တိတ်ဆိတ်နေခဲ့တာလေ ဟုတ်တယ်မလား။

<သူရဲကောင်း>ဂိမ်းကြီးသာ ပေါက်ကွဲနေသည်မဟုတ်ချေ။ အော်ပရေတာ ကုမ္ပဏီများကလည်း မေးခွန်းထုတ်နေကြတော့၏။

“ ဘာဖြစ်နေတာလဲ၊ အသင်းသားအားလုံး လိုင်းပေါ်ရောက်နေတယ်တဲ့၊ ချင်ကော်ပိုရေးရှင်းအသင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာသတင်းမှလဲ မထုတ်ပြန်ထားပါဘူး”

“ဒါရိုက်တာကြီး သူတို့ သတင်းထုတ်ထားတာ မထုတ်ထားတာ ကျွန်တော်ဂရုမစိုက်ဘူး၊ ဒီနေ့ လိုင်းပေါ်မှာ လူဘယ်နှစ်ယောက် ရှိနေတယ်ဆိုတာကိုပဲ ရေထားချင်တော့တယ်”

ဒါရိုက်တာသည် ထိုစကားကိုကြားလိုက်ရာ အလွန်အမင်းပျော်ရွှင် သွားတော့သည်။

“ အများကြီးပဲဟေ့”

“ပြီးတော့ ဒါရိုက်တာကြီး သူဌေးဖုန်း အခုပဲ ဖုန်းဆက်လာတယ်၊ သူပြောတာက ကျွန်တော်တို့က အင်တာနက်စာမျက်နှာ အသုံးပြုခွင့်အတွက် အမြတ် 30% နဲ့ သူတို့က 70% တဲ့၊ မဟုတ်ရင် သူ အခုပဲ ချင်မော့ကို လိုင်းပေါ်က ဆင်းခိုင်းလိုက်မယ်တဲ့”

ထိုဒါရိုက်တာသည် အသက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့လက်ထောက်ကို ခပ်ကြမ်းကြမ်းဆွဲ လိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now