အပိုင်း (၂၃၈) ကြီးမြတ်လှတဲ့သခင်လေးချင်က ဖူကျို့အားနည်းချက်ကို ဖုံးကွယ်ပေးလိုက်တယ

Start from the beginning
                                    

“ CEOချင် ခိုင်းထားတဲ့အတိုင်း ကျွန်တော်လုပ်ပြီးပါပြီ။ ကောင်းကောင်းအဆုံးသတ်သွားပါတယ်။ အဲဒီသုံးယောက်က ဒီအတိုင်း တစ်နေရာရာမှာ သူတို့ဟာသူတို့ မြေမြှုပ်သွားချင် မတတ်အောင်ပဲ။ ကျွန်တော် အများကြီးတောင် အားမထုတ်လိုက်ရဘူး။ သူတို့လုပ်ရပ်နဲ့ သူတို့ မျက်နှာပျက်ပြီးသားဖြစ်သွားတယ်”

“ကောင်းပြီ။ နားလည်ပြီ”

ချင်မော့၏အသံသည် မကျေနပ်ဟန်ပေါက် နေဆဲဖြစ်နေသည်။ သူသည် ဘယ်ဖက်လက်ဖြင့် ဖုန်းကိုကိုင်လိုက်ပြီး ညာဖက်လက်ကို အလွတ်ထားလိုက်ကာ ထိုညာဖက်လက်ကို ကောင်လေး၏ ပွယောင်းယောင်းခေါင်းပေါ် တင်လိုက်ပြီး အသာအယာတွန်းကာ “သူ့ကို” ထိုင်ခိုင်းလိုက်လေသည်။

ဖူကျို့သည် သူမ၏မျက်ခုံးများကို ပင့်လိုက်လေသည်။ ကြီးမြတ်လှတဲ့သခင်လေးချင်သည် ထိုအချိန်မှာပင် ဖုန်းပြောနေဆဲဖြစ်သည်။ အမှန်တကယ်ပဲ သူ ဘာတွေနှင့်အလုပ်ရှုပ်နေပါသနည်း။

သူဌေးလျိုသည် ယဥ်ယဥ်ကျေးကျေး ထပ်မေးလိုက်လေသည်။

“ CEOချင် က စုမေနဲ့ မကောင်းတဲ့အတိတ်များ ရှိခဲ့ဖူးလို့လား”

“မရှိပါဘူး”

ချင်မော့သည် သူ၏ဝတ်စုံကို တစ်ဖက်သို့ပစ်တင်လိုက်ပြီး သူ့ဘေးတွေ ရှိသောကွန်ပျူတာကို ဖွင့်လိုက်သည်။

သူဌေးလျိုသည် ပြုံးကာ ပြောလိုက်သည်။

“ ကျွန်တော်လဲ အဲလိုပဲထင်ပါတယ်”

စုမေသည် CEOချင် ကို သွားရှုပ်ရလောက်သည်အထိ အ,မည်မဟုတ်ပါ။

အဲလိုမဟုတ်ရင် CEOချင်က ဘာလို့ သူ့ကို ပြိုင်ပွဲလုပ်နေတုန်း ဟိုတယ်ခန်းမကို သွားခိုင်းပြီး စုမေနဲ့စကားပြောဖို့ စောင့်ခိုင်းတာလဲ။

CEOချင်၏ ဉာဏ်ရည်နှင့်ဆိုလျှင် သူသည် ထိုသုံးယောက်၏ တုံ့ပြန်ချက်များကို ကြိုတင်ခန့်မှန်းမိပြီး ဖြစ်သင့်သည်။ ထိုကဲ့သို့အကြောင်းအရာများကို လူကြားထဲတွင် ပြောဆိုရသည်မှာ ရှက်စရာကောင်းလှသည်။ CEOချင်သည် သူတို့ကိုအကြောင်းအရင်းမရှိဘဲ စောင့်ခိုင်းသည်ကို မယုံကြည်နိုင်ဖြစ်နေလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now