မုဆိုးကြီးပြန်လာပြီ

Start from the beginning
                                    

ဒါပေမယ့် သူက ကလေးတွေရဲ့လွတ်လပ်ခွင့်ကို ပြန်မယူလို့မရဘူးလေ။ သူက ဒီအမျိုးသမီးနဲ့ ကလေးတွေရဲ့ဘဝဆိုရင် အကြိမ်တစ်ထောင်ရွေးရလည်း ဘယ်လောက်တောင် ညစ်ပတ်တဲ့အရာတွေလုပ်ထားမည်မှန်း မသိနိုင်တဲ့ ဒီအမျိုးသမီးအစား အပြစ်မရှိတဲ့ကလေးတွေကိုပဲရွေးချယ်ခဲ့မှာပဲဖြစ်သည်။

ယန်စန်းဟွားက တွေးကြည့်ရင်မတရားခံရတာလို့ထင်ရပေမယ့် ဒီနေ့လို လမ်းကြောင်းရောက်လာအောင် သူမကိုယ်တိုင်ပဲ လျောက်လာခဲ့တာဖြစ်ပြီး သူမက သူ့ကိုအုပ်စုဖွဲ့ တိုက်ခိုက်ဖို့စေခိုင်းခဲ့ကာ ဒါက နောက်ဆုံးအခြေနေရ လုပ်တာဖြစ်နိုင်ပေမယ့်လည်း သူမက ဒီလိုလုပ်တာ ပထမဆုံးအကြိမ်လို့ လုံးဝယုံနိုင်ဖွယ်မရှိပေ။ အကယ်၍ ပိုင်လီနေရာမှာသာ တခြားတစ်ယောက်ဆိုရင် သူမတို့တွေ လုံးဝကျရှုံးမှာမဟုတ်ဘူးလေ။

ထပ်ပြီး သာမာန်ပြည့်တန်ဆာတစ်ယောက်ဘဝနေ ဆိပ်ကမ်းမြို့လိုနေရာရဲ့အခွဲမှာ တာဝန်ခံတစ်ယောက်ဖြစ်လာဖို့ လူဘယ်နှယောက်ရဲ့ဘဝတွေကိုသူမချနင်းခဲ့လဲဆိုတာကို အတိအကျသိနိုင်ဖို့ပင်ခက်ခဲလိမ့်မည်။

ဒါကြောင့် ပိုင်လီက မူလပိုင်လီကိုယ်စား သူမအပေါ်အားနာစိတ်ဖြစ်မိပေမယ့် အလွန်ကျွံတော့မဟုတ်ခဲ့ဘူး။

တရားသူကြီးဝမ်လီက တရားခံတွေကို ရုံးတော်သားများခေါ်သွားအပြီးတွင် သက်သေများဖြစ်သည့် ချောင်ရန်နှင့် အမျိုးသမီးလန်ကို ပြန်လို့ရပြီဖြစ်ကြောင်းပြောလိုက်ပြီး ပိုင်လီအားလည်း....

"နန်ချောင်းရွာကပိုင်လီ ယန်စန်းဟွားက မင်းကိုထပ်နှောက်ယှက်နိုင်မှာမဟုတ်တော့ဘူး မင်းစိတ်အေးအေးထားပြီး ရွာကိုပြန်လို့ရပြီ"

ဒါကိုကြားတော့ ပိုင်လီက တရားသူကြီးကို ဦးညွှတ်လိုက်ပြီး...

"အမှုကို မှန်ကန်စွာစစ်​ဆေးပေးတဲ့အတွက် ဒီရွာသားက လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"

ထို့နောက် သူတို့သည် ရုံးတေည်အပြင်သို့ထွက်လာခဲ့ကျသည်။

ပိုင်လီက အရင်ဆုံး ပန်းထိုးဖိနပ်ဆိုင်က အမျိုးသမီးကြီးဖြစ်တဲ့ အမျိုးသမီးလန်ကို စကားပြောလိုက်၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now