အပိုင်း (၂၃၆) ကိုယ့်ပါးကိုပြန်ရိုက်မိခြင်း

Start from the beginning
                                    

“ ပွဲမတိုးဘူးတဲ့လား”

သူဌေးလျိုသည် သူ့မေးခွန်းကိုပြန်မဖြေဘဲ အပြုံးဖျော့ဖျော့လေးတစ်ခုနှင့် ပြန်မေးလိုက်သည်။

သည်တွင် ဉာဏ်ကောင်းသော စုမေသည် လွဲမှားနေသည့်ကိစ္စကို သဘောပေါက်လာတော့သည်။ သို့ရာတွင် သူမ တစ်ခုခု ပြောတော့မည်အပြုတွင် လွန်စွာနောက်ကျနေလေပြီ။ ထိုအဆင့်တွင် သူဌေးလီသည် လွှတ်ခနဲထွက်သွားလေသည်။

“ဟုတ်တယ်လေ”

“ခင်ဗျားတို့ပြောနေတဲ့ လူတောမတိုးတဲ့ အဲဒီဆန်ကုန်မြေလေး ဖူကျို့က တကယ့် Spade Z တဲ့လေ”

သူဌေးလျိုသည် ဝိုင်ခွက်ကိုချလိုက်ပြီး ဆက်ပြောလိုက်သည်။

“ သူဌေးဖူ ခင်ဗျားသားနှစ်ယောက်က လုံးဝကို ဆန့်ကျင်ဖက်ပဲနော်။ သားကြီးက အရည်အချင်းအပြည့် နည်းဗျူဟာကောင်း တွေရှိပေမဲ့ အငယ်တစ်ယောက်တော့ အခြေခံဟက်နည်းကိုပဲ သိတယ်။ ကံကောင်းချင်တော့ ရှေ့လူရဲ့စစ်မှန်တဲ့ခွန်အားက e_sport ပြိုင်ပွဲတွေမှာ အားလုံးရဲ့အရဲ့ အထက်မှာရှိနေလို့သာပဲ။ ဒါက သူဌေးကတော် သုံးနေကျ လှည့်ကွက်တွေပဲ မဟုတ်ဘူးလား။ သူဌေးစု ခင်ဗျားတို့တွေက တခြားလူလိုဟန်ဆောင်ရတာ တော်တော်လေး သဘောကျတဲ့ပုံပဲ။ ခင်ဗျားသားက ဂိမ်းမှာ တခြားလူဟန်ဆောင်တယ်။ ခင်ဗျားကျတော့ ဝိုင်ပါတီလိုနေရာမှာ ဟန်ဆောင်ကောင်းကောင်းနဲ့ သရုပ်ဆောင်ပြတယ်။ သူဌေးဖူက ခင်ဗျားကို အပျော်တွဲတာ သိပ်တော့ မဆန်းတော့ပါဘူး။ ခင်ဗျားတို့နှစ်ယောက်က တကယ့်ကို အတွဲညီကြတာပဲ”

စုမေသာမက ဖူကျုံးရီ၏မျက်နှာသည်လည်း တောင့်တင်းသွားတော့သည်။ သူတို့၏မျက်နှာများမှာ အဖြူ အနီ မြေဖြူခဲရောင် ထကာ ရှက်သွားကြတော့သည်။ ထိုအခိုက်အတန့်တွင် သူတို့ခံစားနေရသော ခံစားချက်ကို သူတို့ကိုယ်တိုင်သာ သေချာသိ လေသည်။

သူတို့ဘေးပတ်လည်တွင် ရှိသောလူများသည် သူဌေးလျိုစကားကို ကြားလိုက်ပြီးနောက် မရယ်ဘဲ မနေနိုင်ဖြစ်သွားကြတော့သည်။

သူတို့ရယ်ရသည့်အကြောင်းအရင်းကို အားလုံးက သိကြလေသည်။

စုမေသည် သူမဘဝတစ်လျှောက်လုံး ဘယ်တုန်းကမှ အရှက်ခွဲမခံရခဲ့ဖူးချေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now