ကော်ဖီခွက်ရဲ့ လက်ကိုင်ကို မသိမသာ ဆော့ကစားနေရင်းပဲ ငိုင်နေမိလျက်။

ထယ်ရယ်နဲ့ လမ်းခွဲလိုက်ပြီး အိမ်အသစ်မှာနေနေတာ လေးငါးရက်တော့ ရှိပြီဖြစ်၏။ မလိမ်တမ်းပြောရရင် နှလုံးသားကတော့ ခံစားချက်မပြတ်နိုင်သေးတာမို့ ထယ်ရယ့်ကို လွမ်းပါသည်။

တယောထိုးတာကိုပါ နားမယ်လို့ စဉ်းစားထားတဲ့အကြောင်းကို ထယ်ရယ်ကြားရင် ဘာများပြောမလဲ။

သေချာပေါက် အဆူခံရမယ် ထင်တယ်။
တွဲနေတုန်းကဆို တစ်ချိန်လုံး တယောထိုးပြခိုင်းနေတဲ့ဟာကို။

တွယ်ကပ်ခံရလို့ဆိုပြီး ထားခဲ့ရင်းက မရှိတော့တာ တစ်ပါတ်မပြည့်သေးဘူး တွယ်ကပ်တာကို သတိရနေပြီ။

ကျန်းဟောက်လည်း တော်တော်ကို ရူးတာပဲ။

" ဟာအိုရဲ့ ကောင်လေးကရော "

" ဗျာ ? "

" ဖူကျန့်ပြန်မှာကို ဒီအတိုင်း သဘောတူပေးတယ်ပေါ့? "

" အဲ့တာက..လမ်းခွဲလိုက်ကြပြီ "

မေးခွန်းမှားသွားပြီးမှန်းသိတဲ့ ဟယ်ယောင်းက သူ့ပါးစပ်သူ ပိတ်သွားသည်။ ဒါပေမဲ့ စပ်စုတတ်တဲ့ လူချင်းအတူတူမို့ တစ်ချက် ရယ်လိုက်ပါ၏။

ရည်းစားထားပြီး ပြတ်တိုင်း နေရအခက်ဆုံးအချိန်က ပြတ်သွားတာကို မသိတဲ့လူတွေဆီကနေ အမေးခံရတဲ့အချိန်တွေပင်။

ထယ်ရယ်ရော ဘေးနားက လူတွေနဲ့ ဖြေရခက်နေလောက်မလား။

" အဝေးရောက်ချစ်သူဖြစ်ရမှာ အဆင်မပြေဘူးလေ။ အဲ့တာအပြင် ရည်းစားထားဖို့ထက် အာရုံစိုက်စရာတွေ အများကြီးဆိုတော့ ကြာရင် သူ့အတွက်လည်း မကောင်းဘူး။ ကျွန်တော်လည်း မကောင်းဘူး။"

" ဟူး..အဲ့လိုတွေ မရှိနိုင်ဘူး ထင်နေတာ..။ မမေးလိုက်ပဲနေလိုက်ရမှာကို.. ဆောရီး"

ဟယ်ယောင်းက တစ်ဖက်လှည့်နဲ့ ကျန်းဟောက် လူဆိုးဖြစ်နေပြီဆိုတာကို ထောက်ခံလိုက်သလိုလို။

ဒဏ်ရာကို မီးထွန်းရှာတဲ့ ကျန်းဟောက်မှာ ကိုယ့်အပြစ်နဲ့ကိုယ်ပေမို့ မတတ်နိုင်တော့ပေ။

shady☆ [julyz] ✔️Where stories live. Discover now