အပိုင်း (၆၃)

Start from the beginning
                                    

"ပိုင်လီ!!!! မင်း ဘယ်လိုတောင်လုပ်ရဲတာလဲ!!! မင်း!!!"

သို့သော် သူ၏လက်များမှာ ကြိုးတုပ်ခံထားရပြီး ပိုင်လီထံ မရောက်ခင်မှာပင် ရုံးတော်သားတစ်ယောက်က ခြေထောက်ကိုကန်လိုက်တာကြောင့် ဒူးထေယက်လျက်လဲကျသွားခဲ့သည်။

ရုံးတော်သားတွေက ဒီအနက်ဝတ်လူတွေအပေါ်မှာညှာတာမှုမရှိပါဘူး။ ဘာလို့လည်းဆိုတော့ ယန်စန်းဟွားမှာ လူကိုအတင်းကျပ်ဝယ်ဖို့ ကြိုးစားတဲ့အပြစ်ရှိမရှိဆိုတာကို စစ်ဆေးရဦးမည်ဖြစ်သော်လည်း ဒီလူမ်ားမွာမူ အပြစ်ရှိကြောင်းသေချာပေသည်။ သူတို့က ပိုင်လီကို အုပ်စုဖွဲ့ပြီးဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့အတွက် ဘယ္လိုမွ ပြေးလွတ်နိုင်မှာမဟုတ်ဘူးလေ။ အတင်းကျပ်လူဝယ်မှုက တကယ်မဟုတ်ခဲ့ရင်တောင် ဒီလူတွေက လုယက်မှုနဲ့ အပြစ်ခံရမှာပဲဆိုတော့ ရှုံးတော်သားတွေအတွက် ဒီလူတွေအပြစ်သားတွေဖြစ်နေပြီးပြီ။

ပိုင်လီက ဒီလူတွေကိုတစ်ယောက်ခြသ်းလိုက်ဖမ်းပြီးမှ ရုံးတော်ကိုစုခေါ်လာပြီး ထောင်ခြောက်ဆင်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးမလား။

ဒါကြောင့် ထိုလူကိုကန်လိုက်အပြီးမှာ ငေါက်လိုက်ပြန်၏။

"ဒူးထောက်နေစမ်း!! မင်းကိုယ်မင်း ဘယ်နေရာကိုရောက်နေတယ်ထင်လဲ! အခုထိ လူတွေကိုဒုက္ခပေးချင်နေတုန်းလား!!"

သို့သော် ထိုလူသည် အကန္ခံရတာကို ဂရုမစိုက်အားသေးပေ။ သူက အကန်ခံရအပြီးမှ အခု ပိုင်လီကိုရိုက်နှက်ဖို့က အရေးကြီးတာမဟုတ်မှန်း အမြင်မှန်ရသွားပြီး တရားသူကြီးရှေ့ ဒူးထောက်လျက်ပြန်သွားလိုက်ကာ မတရားခံရသည့်လေသံနှင့်...

"လူကြီးမင်း! လူကြီးမင်း! ဒီကောင်က ဘာတွေပြောထားလဲမသိပေမယ့် ကျွန်တော်တို့က သာမာန်လုယက်သူတွေပါ! ဒီခွေးကောင်မှာ ဝက်ဝံရောင်းရာကရတဲ့ ရွှေချောင်းတွေ အများကြီးရှိနေမှန်းသိလို့လောဘကြီးပြိး လုယက်ချင်မိရုံပါ!!"

ထိုစကားများထွက်လာအပြီးတွင် က်န္လူမ်ားထဲမွ ဟွမ်ဟွာ၏ နောက်လိုက်များကလည်း ထိုလူနှင့်ပူးပေါင်းလိုက်ကာ သူတို့က သာမာန်လုယက်ချင်ရုံသာဖြစ်ကြောင်း ဝိုင်းဝန်းဝန်ခံကျလေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now