အပိုင်း (၆၃)

Start from the beginning
                                    

အဲဒီစကားကြောင့် ဝမ္လီက သူ့မျက်စိအောက်မှာတင် ဒီလို တိုင်းပြည်ရဲ့ဥပဒေတွေကို ချိုးဖောက်ရဲတဲ့ယန်စန်းဟွားကို အလွန်ဒေါသထွက်သွားခဲ့ပြီး သူကတရားရေးတူကို ဒေါသတကြီးထုလိုက်၏။

"အတင့်ရဲလိုက်တာ! ငါတို့တိုင်းပြည်မှာ အတင်းကျပ်ကျွန်ပြုတာကို အပြင်းထန်တားမြစ်ထားတယ်!! ကျူးလွန်တဲ့လူက တိုင်းပြည်ရဲ့စည်းမျဉ်းကိုမထီမဲ့မြင်ပြုတာပဲ! ငါက ဘယ်လိုလုပ်လှစ်လျူရှုမှာလဲ!! နန်ချောင်းရွာက ပိုင်လီ! ငါကဒီအမှုကိုသေချာစစ်ဆေးပြီး မင်းပြောတာအမှန်ဆိုရင် ဟွမ်ဟွာနဲ့ယန်စန်းဟွားကို ပြင်းပြင်းထန်ထန်အပြစ်ခံရစေမယ်လို့ ကတိပေးတယ်! မင်းမစိုးရိမ်လေနဲ့!!"

ပိုင်လီက ဒါကိုကြားတော့ အရိုသေထပ်ပေးလိုက်ပြီး...

"ဒီရွာသားက တရားမျှတမှုကိုရလိမ့်မယ်လို့ ယုံကြည်ပါတယ်"

ပိုင်လီက ဝမ်လီဒေါသထွက်အောင် စကားလုံးတချို့ကို တမင်ရွေးသုံးထားတာပင်။ ဘာလို့လည်းဆိုတော့ ဝမ်လီရဲ့တရားမျှမှုပေးချင်စိတ်ကို ပိုလှုံ့ဆော်ဖို့နဲ့ အမှုကိုမြန်သထက်မြန်အောင် စစ်ဆေးစေချင်လို့လေ။

ဝမ္လီက....

"အခုချက်ခြင်း ယန်စန်းဟွားကိုခေါ်လာခဲ့! လက်နက်ဆိုင်ရဲ့တာဝန်ခံချောင်နဲ့ ပန်းထိုးဖိနပ်ဆိုင်ပိုင်ရှင်ကိုလည်း ခေါ်လာခဲ့ချေ! ဒီနေ့ လူတိုင်းရှေ့မှာ ငါက သေသေချာချာစစ်ဆေးမယ်!!

ထိုလူမ်ားကို ရုံးတော်သားများသွား၍ ဆင့်ခေါ်နေချိန်တွင် အနက်ဝတ်လူများကို ရေလောင်းပြီး နိုးလိုက္က်ကာ ထိုလူမ်ားက နိုးလာစတွင် ဘာတွေဖြစ်သွားမှန်းမသိကျပုံနှင့် လျောက်ကြည့်နေကျပြီး နောက်မှရုံးတော်ကို ရောက်နေမှန်း သတိထားမိသွားကျတော့ အလွန်ထိတ်လန့်သွားခဲ့ကျ၏။

ထိုလူမ်ားကို ဦးဆောင်လာခဲ့သည့် ရန်စန်းဟွား၏နောက်လိုက်မှာမူ သူက ဖြစ်သွားခဲ့တာကို မယုံကြည်နိုင်ဖြစ်နေရင်း သူနဲ့သိပ်မဝေးတဲ့နေရာက ပေါ့ပေါ့ပါးပါးရပ်နေတဲ့ ပိုင်လီကိုမြင်လိုက်ရချိန်တွင်  ပိုင်လီက သူတို့အားလုံးကို ရုံးတော်ကိုဆွဲခေါ်လာတာဖြစ်ကြောင်း သဘောပေါက်သွားပြီး သူက ပိုင်လီဆီဒေါသတကြီးနှင့်ပြေးသွားခဲ့ကာ...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now