အပိုင်း (၂၃၂) ကြီးမြတ်တဲ့ Spade ကြီးက ကြီးမြတ်လှတဲ့သခင်လေးချင်ကို လိုက်နေတာလား

Start from the beginning
                                    

သူမရဲ့အကျင့်ကဘာဖြစ်နေလို့ ပြင်ဖို့လိုရမှာလဲ။

ထိုအပြန်အလှန်စကားသည် အလွန့်.... အလွန်.... ချစ်စဖွယ်ပင်။

ပြိုင်ပွဲနေရာတွင် fujoshi များလည်းရှိရာ သူတို့သည် ဂိမ်းကစားရသည်ကို ကြိုက်သည်ထက် သူတို့၏ နတ်ဘုရားများကို လှော်ပေးရတာကို ကြိုက်ကြလေသည်။

သို့သော်ငြား

ကြီးမြတ်လှတဲ့သခင်လေးချင်ကိုတော့ လှော်ပေးရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးလေဘူး။

တကယ်တော့ ကြီးမြတ်လှသည့်သခင်လေးချင်လို ကြွေထည်ပေါ်က ပန်းလေးသည် ဆော့ကစားလို့မရနိုင်ရာ အဝေးမှပင် ကြည့်နေဖို့ကောင်းလေသည်။

အရေးကြီးအဆုံးမှာ ကြီးမြတ်လှသည့်သခင်လေးချင်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အဖြောင့်ဖြစ်ကြောင်း သေချာနေရာ လေသည်။

ဒီလိုပြည့်စုံတဲ့ယောကျ်ားမျိုးက ရေခဲနန်းတော်ထဲသို့ နှင်ထုတ်ခံရမည်စိုးသဖြင့် မည်သူမှာ လှော်ရဲကြမည်မဟုတ်ချေ။

e-sport သတင်းများကပင် အမျိုးသားတစ်ယောက်နှင့် လှော်ပေးဖို့မဆိုထားနှင့် ကြီးမြတ်လှသည့်သခင်လေးချင် တွေ့ခဲ့ဖူးသော မိန်းကလေးကစားသမား၏ အသင်းကိုပင် တိုက်ရိုက်ဖော်ရမည့်အစား သူတို့အချင်းချင်း အဆက်အသွယ်ရှိပါသည် ဆိုရုံလောက်သာ ရေးရလေသည်။

သို့ရာတွင် သူ့ရှေ့တွင်ရပ်နေသာ ကောင်လေးကို ကြည့်ခြင်းအားဖြင့် ထိုကောင်လေးသည် ကြီးမြတ်လှသည့် သခင်လေးချင် သင်ခန်းစာ ပေးတာခံလိုက်သည့်အပြင် သူ့ဆံပင်ကိုလဲ ပြင်ပေးလိုက်သေးရာ fujoshi တို့၏ ပန်းရောင်နှလုံးသားများသည် ခုန်ထွက်လာတော့မတတ်ပင် ဖြစ်သွားတော့သည်။

သူတို့တွေက လိုက်လိုက်ကြတာဟယ်။

တကယ့်ကို လိုက်ဖက်တဲ့အတွဲပဲနော်။

စိတ်လှုပ်ရှားနေကြသော ပရိသတ်များသည် ဖုန်းများကို ထုတ်ကာ သူတို့နှစ်ယောက်ပုံများကို ဓာတ်ပုံရိုက်နေစဥ် အင်တာနက်ပေါ်တွင်လည်း ဝေဖန်ချက်များနှင့် ပြည့်နေတော့သည်။

“ မြေကြီးပေါ်မှာလှိမ့်ပြီး ချစ်စရာကောင်းအောင်လုပ်ပြပါအုံး၊ ကျေးဇူးပြုပြီး နောက်ဆက်တွဲတွေ မြန်မြန်တင်ပေးကြပါအုံး အားးးးး”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now