အပိုင်း (၂၃၁) မင်းသားလေးကျို့ အထာစ,ပေးခြင်း

Start from the beginning
                                    

သူ့သခင်လေးက သခင်လေးချင်အတွက် ဂိမ်းစကားတာဆိုတာ သူမမေ့လေဘူး။

အခုတော့.... သူ့ကြိုတင်မှန်းဆချက်တွေကို သက်သေပြလိုက်ပြီပဲ။

သို့သော် ဖူကျို့နှင့် ချင်မော့တို့သည် တခြားလူအတွေးကို ဂရုမစိုက်တတ်ကြချေ။

ထိုတောက်ပနေသော လူငယ်နှစ်ယောက် အတူရှိနေခြင်းက မီးအလင်းရောင်များကို ဆယ်ဆပိုလင်းလာ စေသည့်အလား။

လူငယ်လေး၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုတွဲ ခိုနေဆဲဖြစ်ကာ သူ့ပုံမှာ ခပ်မိုက်မိုက်အထာပေးနေပုံ ပေါ်နေလေသည်။ ချမ်းသာကြွယ်ဝပြီး ငယ်ရွယ်မှုတို့ ရွှမ်းရွှမ်းဝေနေသောခံစားချက်ကို ဖန်သားပြင်မှတဆင့်ပင် ခံစားမိနိုင်သည်။

လူတို့သည် ကင်မရာကတဆင့် ရှင်းသန့်သော ဘေးဘက်ပုံရိပ်တွင် မျက်တောင်တစ်ချောင်းချင်းကိုပင် တွေ့နိုင်လေသည်။

လူငယ်လေးနှင့် ခြားနားစွာ ကြီးမြတ်လှတဲ့သခင်လေးချင်၏ သိသာထင်ရှားလှသော ထည်ဝါမှုတို့သည် ခမ်းနားသော ကျောက်စိမ်းခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် မသေမျိုး နတ်ဘုရားတစ်ပါးကဲ့သို့ ထုတ်လွှတ်နေလေသည်။

လူနှစ်ယောက်။

တစ်ယောက်က အထက်မှာ။

ကျန်တစ်ယောက်ကအောက်မှာ။

လှေကားအလယ်တွင် ရပ်နေကြလေသည်။

တခဏအတွင်း မီးအလင်းများအားလုံးသည် ကောင်လေး၏မျက်လုံးများတွင် လာစုနေပုံမှာ စိန်ပွင့်များ တလက်လက် တောက်ပနေသည့်ဟန် ထင်ရလေသည်။

သူသည် အလွန်ချောမော လှပနေသည် ဆိုရုံမျှသာ ဖြစ်လေသည်။

ကင်မရာမှန်မှတဆင့် ဖန်သားပြင်ပေါ်တွင် ပြသထားသော ထိုပုံမှာ နူးညံ့ညင်သာသော ကာတွန်းဇာတ်ကောင် အလား လူတွေကို ထင်ရစေလေသည်။

ဖူကျို့သည် အပြုံးမျက်နှာဖြင့် ဆက်လျှောက်နေဆဲ။

ဒိုင်လူကြီးများသည် သူဌေးချင်က လူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိစ္စကို သူ့ဟာသူ ရှင်းခိုင်းတော့မည်ဟု တွေးလိုက်ကြသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now