အပိုင်း (၂၂၉) စွဲလမ်းမှုတွေကိုပယ်ဖျက်လို့မရတဲ့နေရာ

Bắt đầu từ đầu
                                    

ယခင်ကဆိုလျှင်  အွန်လိုင်းဂိမ်းကမ္ဘာထဲတွင် သင်က နည်းဗျူဟာကောင်းကောင်း ရှိနေသ၍တော့ သင့်ရဲ့ နောက်ခံမိသားစုက ဘာပဲဖြစ်နေပါစေ ဂိမ်းထဲတွင် ရပ်တည်နိုင်လေသည်။

သို့သော်ငြား မကြာသေးမီနှစ်များကစ၍ ချမ်းသာသည့်လူများက ရုပ်ရည်ချောမောခြင်းကိုသာ အားကိုးကြသည့်လူများကို ကျော်ကြားမှုအတွက် ငှားရမ်းကာ ယှဥ်ပြိုင်စေတော့သည်။ သူတို့အားလုံးသည် အွန်လိုင်းဂိမ်းသံသရာတွင် အဆင့်အသီးသီးနှင့် ပေါ်လာကြတော့သည်။

ဒါက လူအချို့ကို စတင် စိတ်ပျက်လာ စေတော့သည်။

ဖူရှီမင်၏ တရားလွန်လုပ်ရပ်များက ထိုအရေးကြီးသောအချက်ကို လုံးလုံးလျားလျား ထိသွားတော့သည်။

ထို့ကြောင့် ကွန်ပျူတာရှေ့တွင်ထိုင်နေသာ Spade Z ဖန်များသည် ဖူကျို့အတွက် လွန်စွာစိတ်ဆိုးနေ ကြတော့သည်။ ထိုကောင်လေးက သူ့ဟာသူ သက်သေမပြနိုင်မှာ သူတို့သည် စိုးရိမ်ခဲ့ကြသည်။

သို့ရာတွင် ရလဒ်သည် ကောင်လေးက သူ့ဟာသူသက်သေပြလိုက်နိုင်ရုံမက.......

သည်ထက်ပိုသည့် အရာများကိုပင် ချပြလိုက်သေးသည်။

အဲဒါက မင်းမှာ လုပ်နိုင်စွမ်းရည်ရှိသရွေ့ ကောလဟာလတွေက မင်းကိုနာကျင်အောင်မလုပ်နိုင်ဘူး ။

ဘယ်ကစခဲ့သည်ကို သူတို့သေချာမသိတော့ပါ။ သို့သော် <Spade Z> ဂိမ်း IDကိုမြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ယုံကြည် မိလိုက်ကြသည်။

ဒီလောကမှာ စွဲလမ်းမြတ်နိုးမှုတွေ ပျက်ပြယ်မသွားနိုင်တဲ့နေရာ ရှိနေသေးပါလား။

ထိုယှဥ်ပြိုင်ဘက်အသင်းတွင် ချန်ပီယံများဖြင့်ဖွဲ့စည်းထားသည်မှာ တစ်စုံတစ်ယောက်၏ ထောက်ခံချက် မလိုလောက်အောင် သေချာလေသည်။

<ဟယ်မိသားစုကော့ပ်>သည် ပြိုင်ပွဲကွင်းအတွင်းရှိ အရွယ်အစားအမျိုးမျိုးသော ဖန်သားပြင်ဆယ်ခုပေါ်တွင် နေရာယူထားလေသည်။ ဖန်သားပြင်ပေါ်တွင် ဖူကျို့၏လှပသောမျက်နှာနှင့် သူမ၏အထူးခြားဆုံးသော ရိုက်ချက်များကို အနှေးပြကွက်ဖြင့် ပြသထားသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Nơi câu chuyện tồn tại. Hãy khám phá bây giờ