အပိုင်း (၂၂၈) မင်းရဲ့ပါးကို ရောင်လာတဲ့အထိ ထပ်ရိုက်မယ်

Start from the beginning
                                    

ပရိသတ်များသည် ထိုဝေဖန်ချက်များကို မြင်ပြီး အလွန်စိတ်လှုပ်ရှားလာကြတော့သည်။

“သတ်လတ်ပိုင်းဦးလေးကြီးကလဲ ငါတို့ရဲ့ ကြီးမြတ်တဲ့ Spade ကြီးကို ကြိုက်တယ်တဲ့လား”

“ငါ့ရဲ့ ကြီးမြတ်တဲ့ Spade ကြီးက ကျားမ,မရွေး အသက်အရွယ်အားလုံးကိုဆွဲဆောင်နိုင်တယ်ဟ”

“ သူပြောတာတော့ သူတို့တွေက ဟက်ကာတွေတဲ့....”

“ ကိစ္စမရှိပါဘူး ၊ Spade Z ရဲ့အကောင့်ကိုပဲပြန်ပေးလိုက်”

‘ ပြန်ပေး”

ချက်ချင်းလိုပင် Spade Z ဖန်အားလုံးက ဖူရှီမင် ဆီက အကောင့်ကို ပြန်တောင်းနေကြတော့သည်။

ဒီလိုခွတီးခွကျအခြေအနေမှာ <ဖူမိသားစုအသင်း>ကလူတွေက ဒီတိုင်းထပ်ပြီး မကြည့်နေနိုင်တော့ပါ။

ဖူရှီမင်ကိုယ်တိုင်က သူ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူ့မျက်နှာမှာ ဖြူဖျော့နေရာက ပြာနှမ်းတော့မည့်အလား။

ဒီလို အံ့ဩစရာအကြောင်းအရာကို မီဒီယာတွေက တစ်ချက်ဘယ်အလွတ်ခံမလဲ၊ သူတို့က အားလုံးကို အချိန်မှီ ရိုက်ထားလိုက် နိုင်တယ်လေ။

ဖူရှီမင်က သူ့လက်နဲ့ သူ့မျက်နှာကို ကာဖို့ကြိုးစားပေမဲ့လဲ သူပုန်းကွယ်ချင်လေလေ သူ့အတွက် ပိုရှက်စရာကောင်းလေလေ ဖြစ်နေတာ့တယ်။

“ မင်းတို့တွေနည်းနည်းလောက် ယဥ်ကျေးပေးလိုက်ကြပါလားကွာ၊ ဘာလို့များ တစ်စုံတစ်ယောက်ဆီက သူ့အကောင့်ကိုပေး လိုက်ဖို့ တောင်းဆိုနေကြတာလဲ”

ဒီရလဒ်ကို လက်မခံချင်တဲ့ မကောင်းတဲ့ဖန်များရှိနေသေးရာ သူတို့က ဖူကျိ့ဟာ <Spade Z>ဆိုတာကို ဝန်မခံချင်ကြလေဘူး။ သူတို့ပြောခဲ့တဲ့ ဖျက်လိုဖျက်ဆီးစကားတွေက သူတို့ကို ပြန်ပြီး ချိန်ထားတဲ့ဓားတွေ ဖြစ်လာလို့ပါပဲ။

သူတို့တွေက ဆက်ငြင်းပြီး ပြဿာနာကို ခေါင်းရှောင်ချင်နေကြတာလေ။ ဒါပေမဲ့ သူတို့ အဲလိုထုတ်ပြောလိုက်ရင်ပဲ ထပ်ပြီး အဖိခံရပါလေရော။

“ တိတ်စမ်း အကောင့်ကိုပြန်ပေး”

Spade Zဖန်စစ်စစ်တွေက ပြဿနာကိုရှုပ်အောင်မလုပ်ကြလေဘူး။ သူတို့က လိုအပ်တဲ့အချိန် သန်မာကြပြီး အဲဒီထိုးချတတ်တဲ့သူတွေက ပေါက်ကရပြောလာခဲ့ရင်လဲ အပြင်ကိုဆွဲထုတ်သွားလိုက်ကြမှာပဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now