အပိုင်း (၂၂၇) သခင်ကျို့က ပြောလိုက်တာက မင်းကို ငါလေးက အကောင့်အသစ်လေးတစ်ခုနဲ့တင် သ

Start from the beginning
                                    

အထူးသဖြင့် အဲဒီနောက်ဆုံးရိုက်ချက်က ကျက်သရေအပြည့်နဲ့ ရန်သူကို အမှားအယွင်းမရှိလေထဲမှာ ဝေ့ပတ်ပြီး သတ်လိုက်တာက တကယ့်ကိုရိုးရိုးရှင်းရှင်းလေးနဲ့ အလွန်လှပနေတော့တယ်။

ထိုဆူညံပွက်လောရိုက်နေတဲ့ ထိုးချတတ်တဲ့သူတွေက အခုတော့ ဆွံ့အလို့ပေါ့။

ဒီနည်းဗျူဟာတွေကို ဘယ်သူထုတ်လိုက်တာလဲဆိုတာ ရှင်းလင်းနေလေတော့။

ဒါက Spade Z အရင်က ဂိမ်းကစားတိုင်း သူ့ရဲ့တန်ပြန်တိုက်ခိုက်တဲ့ပုံစံလေ။

မင်းက တစ်စုံတစ်ယောက်ရဲ့ သက်သေခံအချက်အလက် ကိုပဲလိမ်လို့ရမယ် ဒါပေမဲ့ သူဒီဂိမ်းဇာတ်ကောင်ကို ကိုင်တွယ် နေတုန်းမှာလုပ်တဲ့ အဲဒီလူရဲ့ ထူးခြားတဲ့ အရည်အချင်းနဲ့ စွမ်းရည်ကိုတော့ ဘယ်တော့မှ အတုခိုးလို့မရဘူး။

ဂိမ်းကို နိုင်ငံအဆင့် ကစားကြတဲ့လူတွေရဲ့ စီစစ်ချက်တွေအားလုံးရဲ့အချုပ်က Spade Z  လိုလိုက်တုဖို့ဆိုတာ သူ့လိုနတ်ဘုရားအဆင့် လက်အမြန်နှုန်းမရှိရင် မဖြစ်နိုင်ဘူးဆိုတာပါပဲ။

လက်ရှိမှာ သူတို့တွေက သူတို့ရဲ့ခံစားချက်ကို ထုတ်မပြနိုင် ဖြစ်နေလေတယ်။ သူတို့တွေ ခံစားနေရတာက သူတို့မျက်နှာပေါ်က ပေါက်ကွဲထွက်မတတ် နာကျင်မှုတွေနဲ့ ဖော်ပြလို့မရနိုင်လောက်တဲ့ ရှက်ရွံ့မှုတွေ လွှမ်းမိုးနေတဲ့ခံစားချက်တွေသာ။

ဖူရှီမင်က ထိုအခိုက်အတံ့တစ်ခုလုံးမှာ မျက်လုံးအဝိုင်းသားနဲ့ ငွေရာင်အလင်းတွေဖုံးလွှမ်းနေတဲ့ ဖန်သားပြင်ကို ကြည့်နေဆဲ။ သူ့အသင်း အခုလိုဇာတ်သိမ်းခံလိုက်တာကို မယုံကြည်နိုင်ဖြစ်နေတော့တယ်။

ပုံမှန်ဆို အနိုင်ရတဲ့ဘက်က အမှတ်အသား တိုက်ကွက်တွေကို ဖန်သားပြင်ပေါ်မှာ ပြန်ပြတတ်တယ်လေ။ ပွဲတိုင်းရဲ့အကွက်တွေကိုပြန်ပြတာ။

ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ပြန်လည်ပြသနေတဲ့အချိန်အတွင်းမှာတောင် တင်ဆက်သူက ဘာသုံးသပ်ချက်မှ မပေးနိုင်ခဲ့ဘူး။ သူ့မျက်လုံးအဝိုင်းသားတွေနဲ့ ဒီအတိုင်းထိုင်နေလေရဲ့။

ဝှစ်ခနဲ

လေချွန်သံတွေက တစ်ကွင်းလုံးကို ပဲ့တင်နေတော့တယ်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now