အပိုင်း (၂၂၆) မင်းသားလေးကျို့ရဲ့ပြင်းထန်တဲ့တိုက်ကွက်က တစ်သင်းလုံးကို ဇာတ်သိမ်းပေ

Start from the beginning
                                    

ကာကွယ်ဖို့လုပ်နေတဲ့ထိုသူက ဘာမှမလုပ်နိုင်တော့ဘဲ သူ့ HP အဆုံးထိကျသွားတာကိုပဲ ကြည့်နေလိုက်ရတော့တယ်။ သူ့ HPကို ပြန်ဖြည့်ဖို့အခွင့်အရေးတောင်မရလိုက်ပဲ ဒီလိုနဲ့ ရှုံးသွားတော့တယ်။

PK အဆင့်သတ်မှတ်ချက်မှာသေသွားတဲ့လူတွေက ပြန်မရှင်နိုင်တော့ပါ။

ထိုလူက အနက်ရောင်ဖန်သားပြင်ကိုကြည့်ပြီး သူ့လက်ထဲက မောက်စ့်ကို အားနဲ့လွှင့်ပစ်လိုက်ကာ သူ့ခြေတံရှည်တွေက စိတ်မပါသလိုနဲ့ ရှေ့ကိုကန်ထုတ်လိုက်တော့တယ်။

ဒါက သူ့အတွက်အဆုံးသတ်ပဲလား။

လူငယ်လေးရဲ့ရက်စက်တဲ့တိုက်ကွက်တွေက ဆက်ထွက်ပေါ်နေတော့ အားလုံးက တအံ့တဩနဲ့ပေါ့။

ဖန်သားပြင်ပေါ်တွင် ငွေရောင်အလင်း ပျောက်သွားခါနီးမှာ ဖူကျို့က သူမလက်ထဲက မောက်စ်ကို ရွှေ့လိုက်ပြီး လက်စားချေဖို့ သူ့မဆီလာနေတဲ့ ဂိမ်းဇာတ်ကောင်ကို နောက်ပြန်လှည့်က ပိတ်ထားလိုက်သည်။ ဒါက လုံးဝသိမ်းကျုံးချလိုက်တဲ့ နောက်တစ်ချက်ပဲ။

“ သောက်ကျိုးနဲ၊ တိမ်ကျားကြီး မင်းတွေ့လိုက်လား၊ သူ့လက်တွေလုံးဝမရပ်သွားဘူး”

တင်ဆက်သူများပင် အလွန်စိတ်လှုပ်ရှားကာ သူတို့ရဲ့လက်မောင်းများကို တစ်ယောက်နဲ့တစ်ယောက် ဆုပ်ကိုင်လိုက်မိကြသည်။

တခြားတင်ဆက်သူ <တိမ်ကျားကြီး>ဆိုသူမှာ သူ့ကို ပြန်ငြင်းဖို့ မအားမလပ်ဖြစ်နေလေသည်။ သူ့မျက်လုံးတွေက သူ့ရှေ့က စခရင်ပေါ်မှာ အပ်ထားပြီး သူ့မျက်လုံးများက ရုတ်တရက် တောက်ပလာကာ

“ ထပ်လာပြီ”

နောက်ထပ် တိုက်ကွက်ပေါင်းများစွာ အမှန်ပင်။

ဒါက အရင်ကတစ်ခါမှ မကြားဖူးတဲ့ကိစ္စပဲ။

နားကြပ်သည် ဖူကျို့၏ငွေရောင်ဆံပင်ပေါ်ရောက်နေပြီး သူမ၏မျက်လုံးများက ကီးဘုတ်ကိုကြည့်မနေပေ။ သူမသည် စခရင်ကိုသာကြည့်နေပြီး တုတ်ထိုးချိုချဥ်လေးကိုတော့ သူမရဲ့ပါးစပ်ထဲမှာ ငုံထားဆဲ။ သူမရဲ့ဘယ်ဘက်လက်က ကီးဘုတ်ပေါ်ရောက်နေတုန်း သူမရဲ့ညာဘက်လက်က မောက်စ်ကို ထိန်းချုပ်နေလေရဲ့။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now