ဟွမ်ဟွာ၏ဖိတ်ခေါ်မှု

Start from the beginning
                                    

ပိုင်လီရဲ့ဘေးကလူကလည်း ဒါကိုမြင်ပြီး သူကပိုင်လီကို စိတ်တိုစွာကြည့်လိုက်ပေမယ့် ပိုင်လီက သူ့ကိုလုံးလုံးဂရုစိုက်စွာနဲ့ ဖိနပ်လေးကိုပြပြီး မေးနေတာကိုတွေ့ခဲ့ရသည်။

"အဒေါ် ဒီလိုပုံစံတူလေးရှိလား ကျွန်တော့်အိမ်ကလေးတွေက အမွှာလေးတွေဆိုတော့ ဆင်တူလေးဝယ်ပေးချင်လို့ပါ"

အမျိုးသမီးကြီးသည် ပိုင်လီ၏ ရည်မွန်သည့်ရုပ်ရည်နှင့် ဖော်ရွှေတတ်သောအပြုံးကြောင့် ပိုင်လီအပေါ်တွင်ငြင်သာပေသည်။ သူမက...

"ရှိဦးမလားမသိဘူး မင်းခဏစောင့်ဦး အဒေါ်ရှာလိုက်ဦးမယ် "

ဒါကိုကြားတော့ ပိုင်လီကလည်း...

"ကျေးဇူးပါ ကျွန်တော်အလျှင်မလိုတာကြောင့် အဒေါ်ဖြေးဖြေးချင်းရှာလို့ရပါတယ်"

မရှိသည့် လေလိုပင်သဘောထားခံနေရသည့် ဘေးကလူသည် ဒါကိုမြင်တော့အော်ဟစ်ချင်မိသွားခဲ့သည်။ သူက အမျိုးသမီးကြီး အိတ်ထဲကဖိနပ်ပုံထဲကနေ ပိုင်လီပြောတဲ့ဖိနပ်လေးတွေကိုရှာနေစဥ် သူကစိတ်မရှည်စွာနှင့်...

"ငါပြောနေတာကို စောက်ဂရုစိုက်စမ်း မင်းကို ရွေးချယ်ခွင့်ပေးနေတာမဟုတ်ဘူး အခုချက်ခြင်းဟွမ်ဟွာကိုလိုက်ခဲ့!"

ထို့နောက် သူက ပိုင်လီ၏လက်ကို ဖမ်းကိုင်လိုက်သော်လည်း တိုက်ဆိုင်သည်လား တမင်လားမသိစွာပိုင်လီက နောက်ထပ်ဖိနပ်တစ်ခုကို ကောက်ကိုင်လိုက်ချိန်နှင့် တိုးသွား၍ လေကိုဖမ်းမိသွားခဲ့သည်။ အဲဒီအချိန်မှာ အမျိုးသမီးကြီးက ခေါင်းပြန်မော့လာပြီဖြစ်လို့ ထိုလူကအခွင့်ရေးမသာတော့ဘူး။

ပိုင်လီက ကောက်ကိုင်လိုက်သည့်ဖိနပ်ကိုပြကာ...

"အဒေါ် ဒီလိုပန်းထိုးထားတဲ့ပုံက အောက်ခံအနက်ပဲရှိတာလား အပြာရောင်ဘက်သွားတဲ့တစ်ခုခုမရှိဘူးလား ကျွန်တော့်ဇနီးက အနက်နဲ့သိပ်မလိုက်လို့ပါ"

အမျိုးသမီးကြီးသည် ပိုင်လီက သူ့ဇနီးကို ဂရုစိုက်ချင်စိတ်ရှိသည်မြင်သည့်အခါ အခုထိထွက်မသွားသေးဘဲ စိတ်မရှည်သည့်ပုံစံနှင့် ပိုင်လီကို မဟုတ်သည့်နေရာတွေကို ဇွတ်ခေါ်ချင်နေပုံရသောလူကို ပို၍အထင်မြင်သေးသွားခဲ့၏။ သူများက သူ့မိသားစုကိုဂရုစိုက်နေတဲ့အချိန်မှာ နင်ကတော့ သူများကို ဖျက်စီးဖို့တွေးနေတယ်။ ဘယ်လိုတောင်ရွံစရာလဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now