ဟွမ်ဟွာ၏ဖိတ်ခေါ်မှု

Start from the beginning
                                    

ပိုင်လီက ရတနာဆိုင်ကထွက်လာပြီးမှာ သူ့အိမ်အတွက် ဘာလိုသေးလဲစဥ်းစားနေပေမယ့် အသေးလေးတွေအတွက် မုန့်ကလွဲရင် ဘာမှဝယ်စရာမရှိတာကိုသဘောပေါက်သွားခဲ့သည်။ ပြီးခဲ့တဲ့တစ်ခေါက်က သူက လှည်းနှစ်စီအပြည့်နဲ့ လိုအပ်တာတွေအကုန်ဝယ်ထားခဲ့တာဆိုတော့ ဆောင်တွင်းအတွက်လည်း ဘာမှမလိုအပ်တော့ဘူး။ ဒီတော့ ပိုင်လီက အသေးလေးတွေမုန့်တချို့ရှာဝယ်အပြီးမှာ ချောင်အိမ်ကိုပြန်တော့ဖို့လုပ်ခဲ့သော်လည်း ပန်းထိုးဖိနပ်များရောင်းချနေသောဆိုင်လေးတွင် သူ့မိသားစုက ကောတွေနဲ့အမျိုးသမီးတွေဖို့ ဖိနပ်များကြည့်နေစဥ် လူတချို့ကသူ့အနားချဥ်းကပ်လာခဲ့ကျသည်။

ပိုင်လီက ဒါကိုသတိထားမိပေမယ့် သူကဖိနပ်တွေကြည့်နေရာကနေ အကြည့်ပျက်မသွားပါဘူး။ တစ်ယောက်ကသာ သူ့အနားကပ်လာပြီး အံကြိတ်သံခပ်တိုးတိုးဖြင့်...

"မိန်းကလေးယန်က မင်းကို ဟွမ်ဟွာကိုလာဖို့ဖိတ်လိုက်တယ် ကျေးဇူးပြုပြီး မငြင်းတာက ကောင်းလိမ့်မယ်နော်"

ပိုင်လီက နောက်ဆုံးတွင် ဒါကရောက်လာပြီပဲဟု တွေးမိသွားခဲ့သည်။ ပိုင်လီက ဘာလို့လဲမသိပေမယ့် ယန်စန်းဟွားက အကြောင်းတစ်ခုခုကြောင့် ကလေးတွေကို လက်လွှတ်မှာမဟုတ်ဘူးလို့ ရိပ်မိခဲ့ပြီး သူကဒီအတွက်အမြဲသတိရှိနေခဲ့တယ်။ ဒါပေမယ့် သူက လုံးဝကိုဂရုမစိုက်ဘူး။

ပိုင်လီက အခုချိန်မှာ ပန်းရောင်ပေါ်မှာ အပြာရောင်လိပ်ပြာလေးတွေပန်းထိုးထားတဲ့ ကလေးစီးဖိနပ်လေးတွေကိုကြည့်နေတာဖြစ်ပြီး သူကတစ်ဖက်လူကိုဂရုမစိုက်စွာနဲ့ ထိုဖိနပ်လေးကို လက်ချောင်းထည့်ကာတောင် လျိုကြည့်နေသေး၏။ ပြီးမှ သူကထိုလူကိုပြောလိုက်သည်။

"ဟမ်..ကျုပ်က ကျုပ်ဇနီးနဲ့ ကျုပ်ရဲ့မိသားစုကို ပြည့်တန်ဆာအိမ်တွေကို ထပ်မသွားတော့ပါဘူးလို့ ကတိပေးထားတယ် ဒါကြောင့်မလိုက်တော့ပါဘူး"

ပိုင်လီ၏လေသံက သာမာန်ပင်။ သူက အသံတင်ပြောချင်းမရှိပေမယ့် အသံနိမ့်ပြီးပြောချင်းလည်းမရှိတဲ့အတွက် ဖိနပ်ရောင်းတဲ့မိန်းမကြီးက ကြားသွားတာပုံမှန်ပါပဲ။ ထိုမိန်းမကြီးက လူမိုက်ရုပ်နဲ့တစ်ယောက်က သူမဆီ ဖိနပ်ဝယ်နေတဲ့ကောင်လေးကို တိုးတိုးကပ်ပြောတာမြင်လိုက်ရပေမယ့် အသံကတိုးလွန်းတာကြောင့် မကြားခဲ့ရပေ။ ဒါပေမယ့် အခုတော့ ပိုင်လီစကားကြောင့် သူမကခန့်မှန်းနိုင်သွားပြီ။ ဒါက လိမ္မာဖို့ကြိုးစားနေတဲ့ သူများအိမ်ကသားကို ဖျက်စီးတတ်တဲ့ ခွေးလိုအပေါင်းသင်းတွေကလွဲရင် ဘာဖြစ်နိုင်မှာတဲ့လဲ။ ဒီအတွေးနဲ့သူမက ထိုလူကိုမနှစ်မြို့စွာနှာခေါင်းရှုံ့လိုက်တော့တယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now