အပိုင်း (၂၂၃) Spade Z ရဲ့ယောက်ျားလေးဖန်လုပ်မှာလား၊ သူ့ကိုထိုးချနေတာလား

Magsimula sa umpisa
                                    

ဖူကျို့ မင်း တဏှာရူးအမှိုက်ကောင်စုတ်၊ ဘယ်ကတည်းက ဒီလောက်တော်နေတာလဲ

ဖူရှီမင်တင် မဟုတ်ပါ ဖုန်းရှန်နှင့် ရင်းဝူယောင်တို့လဲ သူတို့ခေါင်းဆောင် အဲလောက်အရည်အချင်းရှိမှန်း မသိခဲ့ကြလေဘူး။

ဟကျကာ တဲ့လား။

ဒီလိုလျှို့ဝှက်ဆန်းကြယ်ပြီး ဆရာကျတဲ့ပညာက သူတို့ဘဝတွေနဲ့ အရမ်းကိုဝေးကွာလွန်းတာလေ။

ချန်ရှောင်တုံးသည် ဖြစ်ပျက်သမျှအားလုံးကို မယုံကြည်နိုင် ဖြစ်နေလေတော့သည်။ အစားအသောက်ကို မေ့ပြီး ယောကျ်ားတွေနောက်ပဲ တကောက်ကောက် လိုက်ဖို့သိတဲ့ သူတို့ရဲ့သခင်လေးက တကယ်တော့ ဟက်ကာတစ်ယောက် ဆိုပါလား။

ဟယ်ဟုန်ဟွာ၏မျက်လုံးများမှာလည်း တုန်လှုပ်ဆဲ ဖြစ်လေသည်။

သူမရဲ့ကျို့လေး....  အဲဒါက သူမရဲ့သမီးအရင်း.... ကျို့လေး....

ဖူကျို့သည် အုံကြွနေသာ လူထုအလယ်တွင် ရပ်လိုက်ပြီး လက်တစ်ဖက်ကို အိတ်ကပ်ထဲထိုးသွင်းလိုက်လေသည်။ သူမသည် မျက်ခုံးများကိုပင့်ကာ ဖူမိသားစုအသင်းဘက်ကို အလွန်အေးစက်စွာကြည့်လိုက်ပြီး

“ အခု မင်းတို့မျက်နှာတွေ နာလွန်းလို့ ကျိန်းစပ်နေပြီမလား”

ထိုရိုးရှင်းသောစကားလုံးသည် ဖူရှီမင်၏မျက်နှာကို ရုတ်ခြည်း ညိုမဲသွားစေတော့သည်။ သူနှုတ်ခမ်းများပင် ပုံမှန်လို အသက်ဝင်မနေနိုင်တော့ပါ။

ထိုမျက်နှာအမူအရာသည် သူ၏မျက်နှာပေါ်တွင် “စော်ကားခံနေရသည်” ဟုစာလုံးကြီးနှင့် ရေးခံထားရသယောင်။

ပိုရယ်စရာကောင်းသည်မှာ ထိုအချိန်တွင် ကင်မရာသည် သူ့ဘက်လှည့်နေရာ ထိုနေရာရှိလူအားလုံးသည် သူ့အရှက်တကွဲ ဖြစ်နေပုံကို မြင်လိုက်ကြတော့သည်။

လူတိုင်းက ကိစ္စအားလုံးအဆုံးသတ်သွားပြီဟုတွေးနေတုန်း......

Spade Z ကိုချစ်ကြသည်ဟု ကြွေးကြော်ခဲ့ကြတဲ့ ဖန်လို့ခေါ်တဲ့သူများက ဖူကျို့က ဖူရှီမင်းပါးကို ရိုက်လိုက်တာတင်မက သူတို့ပါးကိုပါရိုက်လိုက်တယ်လို့ ခံစားလိုက်ကြတော့တယ်။ ဒါနဲ့ သူတို့က ဒရာမာတွေ စခင်းတော့တာပဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Tahanan ng mga kuwento. Tumuklas ngayon