Survival and death

4.1K 162 5
                                    

[Author-Rose Maung]
rose_maung

U/Z

ညလေအေးတွေက ပြတင်းပေါက်ကနေဖြတ်သန်းလို့ ကုတင်ပေါ်က ကောင်လေးပေါ် တိုက်ခတ်လို့သွားတယ်။
ကောင်လေးရဲ့ သေးငယ်တဲ့ပုခုံးလေးတွေက တလှုပ်လှုပ်တုန်ရီပြီး ငိုရှိုက်နေခဲ့တာကို ဘယ်သူမှမသိခဲ့ကြဘူး။

ကောင်လေး၏အမျိုးသားဖြစ်သူက ဒီနေ့ညလည်း ပြန်မလာခဲ့ပါဘူး။

သုံးနှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်တဲ့သူတို့အိမ်ထောင်ရေးဟာ တဖြည်းဖြည်းပျက်ဆီးလာတယ်။ယုံကြည်မှုတွေမရှိတော့ဘူး။ပျော်ရွှင်မှုတွေကရော ဘယ်မှာများလည်း။

ကုတင်တစ်ခုတည်း အိပ်နေရပေမဲ့ မပျော်ရွှင်နိုင်ကြတော့ဘူး။ သူတို့ယုံကြည်ထားခဲ့တဲ့ အခ်စ်ဆိုတာ သုံးနှစ်နီးပါးပဲ ကြာရှည်တဲ့ စိတ်ခံစားမှုတစ်ခုလား။

မချစ်တော့တာထက် ပိုဆိုးတဲ့ အချက်က ဖောက်ပြန်မှုတဲ့ တကယ်ကိုသူပြန်ရလိုက်တဲ့အရာက ဖောက်ပြန်မှုတစ်ခုပဲ။

လှပတဲ့အတိတ်တွေကို ထိုအမျိုးသားကမေ့သွားပြီး နောက်ဆုံးကျန်ရှိခဲ့တဲ့ ကြိုးမျှင်လေးကိုပါ ဖြတ်တောက်ပြစ်ဖို့ စီစဉ်နေခဲ့သည်။

ဘယ်နေရာကစမှားယွင်းသွားတာလည်း....ဘာတွေကလွဲချော်သွားခဲ့မိတာလည်း။

အမျိုးသားဖြစ်သူရဲ့"ကွာရှင်းမယ်"ဆိုတဲ့စကားသံက သူ့ကို အမြင့်ဆုံးထိခေါ်သွားပြီးမှ ရိုက်ချလိုက်သလိုပင်။ရှိခဲ့ဖူးတဲ့ ကတိတွေက ဟာသတွေလိုမျိုး။ပြန်မရနိုင်တဲ့အတိတ်တွေက စောက်ရေးမပါသလိုမျိုး။

ဘယ်နှနှစ်ပဲချစ်ခဲ့ ချစ်ခဲ့ အခုလိုအဆုံးသတ်ကြသည်။ဒါတောင် သူက မထွက်သွားဖို့ ဒူးထောက်တောင်းဆိုနေချင်ခဲ့သေးတာ။

ထွက်ခွာသွားတဲ့ သူ့အမျိုးသားရဲ့ ကျောပြင်ကျယ်ကြီးကို အကြာကြီးငေးစိုက်ကြည့်မိခဲ့တာကိုတော့ ဝန်ခံရမည်။ တစ်ဘဝစာ အပိုင်လို့ထင်မှတ်ထားခဲ့မိတဲ့ ကျောပြင်ကျယ်ဟာ အခုတော့ သူ့ကိုစွန့်ခွာသွားပြီ။ပိုင်လည်းမပိုင် ဆိုင်လည်းမဆိုင်တော့ဘူး။

ဆက်ချစ်နေမိသရွေ့ ရှုံးတယ်....

လက်လွှတ်လိုက်ရရင် ရူးသွားလိမ့်မယ်...

Survival and deathWhere stories live. Discover now