အပိုင်း (၂၁၉) သူက Spade Zလား

Start from the beginning
                                    

ထိုခဏတွင် သူ့စိတ်အခြေအအနေကို မဖော်ပြနိုင်တော့ချေ။

သူသည် စိတ်လှုပ်ရှားကာ ရှော့ခ်ရနေတော့သည်။ သို့သော် ပိုအရေးကြီးသည်က ယခုဖြစ်ပျက်သမျှကို သူအလုံးစုံ မယုံကြည့်န်ုင်တာပါ။

အမှန်ပင် သူ ဒါကိုမယုံနိုင်ဘူးဆိုသော်ငြား ထိုနေရာတွင်ရှိသော ပရိသတ်အားလုံးက အပြင်းပြဆုံးနည်းလမ်းနဲ့ တုံ့ပြန်နေကြလေသည်။

ဝှစ်ခနဲ လူတိုင်း ထခုန်လိုက်ကြတော့တယ်။

ID ပေါ်လာတာနဲ့ အဲဒီအပြင် အင်တာနက်ပေါ်က ကြည့်ရှုသူအရေအတွက်ကလဲ ထိုးတက်သွားတော့တယ်။

Spade Z တဲ့

အဲဒါ Spade Z တဲ့လား

တုံ့ပြန်ချက်တွေက အရမ်းပြင်းထန်လို့ သတင်းတင်ဆက်သူတွေက အခြေအနေတွေကို ထိန်းသိမ်းဖို့ မတ်တတ်ထရပ်လိုက်ပြီး

“ ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးနေပေးကြပါ။ ID ကို ဝင်လို့မပြီးသေးပါဘူး။ အားလုံး ကျေးဇူးပြုပြီး ငြိမ်ပေးကြပါ!”

သူတို့တွေ ဘယ်လိုလုပ်ပြီး ငြိမ်နေနိုင်မှာလဲ

ဒါက ကြီးမြတ်တဲ့အကိုကြီး Spade ကြီးကို။

ဇုံစီ တစ်ခုလုံးကိုရှင်းလိုက်တဲ့ ကစားသမားဘုရင်အသစ် ကိုကြီး Spade လေဟယ်။

အမှန်တွင် သူတို့သည် သူတို့၏ ယောကျ်ား နတ်ဘုရားအသွင်ပြင်ကို အစိမ်းသက်သက် မျှော်လင့်မထားခဲ့ကြချေ။

Spade က သိုသိုသိပ်သိပ်နေရတဲ့အကြောင်းက သူက ရုပ်ဆိုးတော့ လူတွေအမြင်မခံချင်လို့ဆိုပြီး မီဒီယာတွေက ပြောခဲ့တာမလား။ အရင်တုန်းက သူတို့တွေ စကားအသုံးအနှုန်းတောင်မယှဥ်ကျေးခဲ့ကြဘူး။

ဒါပေမဲ့ အခုတော့ အဲမျက်နှာလေးကိုကြည့်ရုံနဲ့ လူတိုင်းက သူ့ ဖန် ဖြစ်လာလောက်တယ်လေ။

အရမ်းချောတာပဲဟယ်

ငယ်ကလဲ ငယ်သေးတယ် ဟဲ့

အထူးသဖြင့် ထိုလူငယ်လေးကပါးစပ်ထဲမှာ တုတ်ထိုးချိုချဥ်ငုံထားတဲ့ပုံပေါ့။ သူက စာရိုက်နေလို့ ခေါင်းကိုငုံ့ ထားတော့ သူ့ရဲ့ထူထဲတဲ့ မျက်တောင်တွေက သူ့ပါးပြင်ပေါ် အရိပ်ကျနေတာလေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now