စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့

Почніть із самого початку
                                    

ချောင်ရန်က ပိုင်လီလာနေတာမြင်တော့ ငိုနေစဲ ချောင်ချင်းချင်းကို ဆူပူလိုက်၏။

"မင်းကြည့် မင်းငိုသံက အရမ်းကျယ်လွန်းလို့ ဦးဦးပိုင်ကတောင် မင်းငိုသံနောက်ကနေ လိုက်လာနိုင်တယ် မင်းကိုယ်မင်း မိန်းကလေးလို့ရောပြောရဲသေးလား ဟမ်"

ဟုန်ရင်းသည် ပိုင်လီရောက်လာတာမြင်တော့ မျက်နနှာပူစွာနဲ့...

"မောင်လေးပိုင်ကိုတော့ ရယ်စရာတွေမြင်စေမိပါပြီကွယ် ဒီကောင်မလေးက အဆိုးဆာလေးလေ သူ့ကိုတစ်အိမ်လုံးကမနိုင်ဘူး အစ်မတို့ကပဲတောင်းပန်ပါတယ်"

တကယ်တော့ ချောင်ရန်နှင့်ဟုန်ရင်းသည် ပိုင်လီနှင့်အသက်တော်တော်လေးကွာပြီး ချောင်ရန်ရဲ့တတ်ကြွမှုနဲ့ ပိုင်လီရဲ့ဖော်ရွေတတ်တဲ့အကျင့်ကြောင့်သာမဟုတ်လျှင် သူတို့တွေက ညီအကိုလိုဆက်ဆံရေး ရှိလာဖို့ခက်ခဲပေလိမ့်မည်။ သူတို့ယောင်္ကျားလေးချင်းတွေကအဆင်ပြေပေမယ့် ဟုန်ရင်းကတော့ သူမရဲ့ တူအရွယ်လေးကို အသက်သက်မကွာတဲ့မောင်လေးတစ်ယောက်အနေနဲ့ ဆက်ဆံဖို့ခက်ခဲတာကြောင့် သူမစကားပြောတဲ့အခါ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ပြောသလိုအရိပ်ယောင်တွေပါဝင်နေခဲ့လေသည်။

ပိုင်လီကတော့ ဘာကိုမှဂရုမစိုက်ပါဘူး။

"အကိုကြီးနဲ့မရီးတို့က ဘာကိုတောင်းပန်နေလဲဆိုတာ မသိတော့ဘူး ကျွန်တော်ပြောပြီးပြီပဲ ဒီအချိန်က ကျွန်တော်ပုံမှန်အိပ်ယာထချိန်ပဲမလို့ အနှောက်ယှက်မဖြစ်ပါဘူးလို့ ပြီးတော့ ကျွန်တော့်အိမ်မှာလည်းကလေးမရှိတာမှမဟုတ်တာဗျာ ဒါကဘာမှဟုတ်မနေဘူး"

သူ့အိမ်ကအသေးလေးတွေဆို စေးကပ်တဲ့ဆန်မုန့်လုံးလေးတွေလိုပဲ။ လူကပ်တတ်တဲ့ အကျင့်လေးတွေရှိတယ်လေ။ ပိုင်လီက ထိုသို့တွေးရင်းနဲ့ အိမ်ကိုချက်ခြင်းပြန်ချင်စိတ်တောင် ပေါက်လာခဲ့တော့သည်။ သူတောင်ပေါ်တတ်သွားထဲက အသေးလေးတွေကသူ့ကိုမမြင်ရတော့တာဆိုတော့ အခုချိန်လောက်ဆို သူတို့လေးတွေက သူ့ကိုလွမ်းနေကျလောက်ပြီလေ။

ပိုင်လီက ထိုသို့ပြောလိုက်သော်လည်း ချောင်ရန်နဲ့ဟုန်ရင်းက ပိုင်လီကိုအားနာနေကျစဲပင်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now