စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့

Zacznij od początku
                                    

ဒါပေမယ့် ပိုင်လီက ငိုနေပြီး ချောင်ရန်ရဲ့လက်တွေကိုထုရိုက်နေတဲ့ ကလေးမလေးကိုကြည့်ကာ ဘာတွေဖြစ်နေလဲသိချင်လာခဲ့သည်။ ဘာလို့လဲဆိုတော့ ပိုင်လီက အစောလေးက မသဲကွဲပေမယ့် စံပါယ်ပင်အကြောင်းကြားလိုက်ရသလိုပဲ။ ဒါကြောင် ဒီကိစ္စကစံပါယ်ပင်နဲ့ စပ်ဆက်နေမယ်လို့ထင်တာကြောင့်...

"အကိုကြီးချောင် ချင်းချင်းကဘာဖြစ်လို့လဲ"

ပိုင်လီက အစောက စံပါယ်ပန်းပင်အကြောင်းကိုကြားခဲ့သော်လည်း ထည့်မမေးခဲ့ပေ။ သူကချောင်ရန်ပြောချင်စိတ်ရှိမှသာ နားထောင်မှာဖြစ်ပြီး ချောင်ရန်ပြောချင်စိတ်မရှိရင်တော့ နားမထောင်ချင်ပါဘူး။ နောက်ဆုံးမှာတော့ သူကစံပါယ်ပင်ကို ချောင်ရန်ကိုစိတ်ပြတ်စွာပေးလိုက်ပြီးသားပဲလေ။ သူတို့ဘာလုပ်လုပ် သူစိတ်ထဲထည့်မှာမဟုတ်လေဘူး။

ဒါကိုကြားတော့ ချောင်ရန်သည် အော်ဟစ်ချင်နေသည့် သူ့အငယ်ဆုံးသမီးလေး၏ပါးစပ်ကိုအုပ်လိုက်ပြီး...

"ဒါကပြောရမှာရှည်တယ် ဒီတော့ အရင်မနက်စာစားကျမယ်လေ အကိုကြီးချောင် ဒီအဆိုးပေလေးကိုအရင်အပြင်ထုတ်သွားလိုက်မယ် မင်းပြီးမှထွက်လာခဲ့ပေါ့"

ထို့နောက် ချောင်ရန်က ချောင်ချင်းချင်းကို မကာထွက်သွားခဲ့သဖြင့် ပိုင်လီလည်း အစေခံဝတ်စုံနှင့်ကောင်လေးတစ်ယောက်လာပို့ပေးသော ရေကိုသုံးကာ သန့်ရှင်းရေးလုပ်ပြီး အပြင်ထွက်လာခဲ့တော့သည်။ ချောင်ရန်ရဲ့အိမ်မှာ အစေခံတချို့ရှိပါတယ်။ ပိုင်လီက လူတွေကို ကျွန်အဖြစ် ပစ္စည်းတစ်ခုလိုရောင်းဝယ်တာကို သဘောမကျပေမယ့် သူ့ရဲ့မူလဘဝမှာ သူကလည်း ကြီးမားတဲ့မိသားစုရဲ့ဒုတိယသခင်လေးဖြစ်ခဲ့ဖူးတာကြောင့် သူငယ်စဥ်က သူ့ကိုကြည့်ရှုစောက်ရှောက်ကာ ပြုစုပေးတဲ့အလုပ်သမားတချို့ရှိခဲ့ဖူးပြီး ဒါကသူ့ကိုသိပ်တော့မခက်ခဲစေပါဘူး။

ပိုင်လီက အပြင်ထွက်လာခဲ့အပြီးမှာ သူ့ရဲ့အကြားအာရုံကကောင်းတာကြောင့် ချောင်ချင်းချင်းရဲ့ငိုသံနောက်လိုက်သွားလိုက်ပြီး ဥယျာဥ်ထဲသို့ရောက်သွားကာ ထိုနေရာမှာ ချောင်ရန်နှင့်ချောင်ချင်းချင်းအပြင် ဟုန်ရင်းနှင့် အစေခံမလေးတွေပါ ရှိနေတာကိုတွေ့လိုက်ရသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝOpowieści tętniące życiem. Odkryj je teraz