အပိုင်း (၂၁၇) ဟယ်မိသားစုကော့ပ် အသင်းသား ရင်းဝူယောင်

Start from the beginning
                                    

  နင်တစ်ယောက်ထဲမဟုတ်ပါဘူး

အဲဒီလူက ကမ္ဘာကြီးပေါ်မှာ အမြဲတမ်းရှိနေအုံးမှာပါ။

သူ့တည်ရှိမှုက မင်းတို့ငယ်စဥ်ကရခဲ့တဲ့ လှပတဲ့အမှတ်တရာများအားလုံးထဲမှာ ကိန်းအောင်းနေတာလေ။

မင်းတို့တတွေ အိမ်ထောင်ကျပြီးကလေးတွေရလို့ နောက်ဆုံးတကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ ကမ္ဘာ့သန်းကြွယ်သူဌေးကြီး ဖြစ်လာရင်တောင် လူတိုင်းလိုလိုပဲ အဲဒီလူကို တွေ့လိုက်တာနဲ့ မင်းတို့ရဲ့မျက်လုံးတွေကို အရောင်တောက်သွားစေပြီး သွေးကိုဆူပွက်သွားစေတဲ့ အတိတ်က အချိန်အားလုံးကို ပြန်အမှတ်ရစေမှာပါ။

“ယင်တာင်ရဲ့မြောင်ပိုင်းသခင်” က လူတွေရဲ့ရင်ထဲမှာ အတိအကျကို ဒီလိုတည်ရှိမှုမျိုးပါခင်ဗျာ။

ထိုနေရာတွင် အခြေအနေသည် အနည်းငယ် အထိန်းအကွပ်မဲ့လာလေသည်။ ကံအားလျော်စွာ တင်ဆက်သူနောက်တစ်ယောက် ရောက်လာသည်။ သူသည် သူ့တွဲဖက်၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်ပြီး သူ့ခေါင်းကိုလှည့်ကာ မိုက်နားကပ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ သူငိုနေပြီ ကျွန်တော် ဘာလုပ်ရမလဲခင်ဗျာ”

“မင်းကြီးတော်သာငိုနေတာ ငါမငိုဘူး”

“ မငိုဘူးလား၊ မင့်ယုန်မျက်လုံးကိုလဲ ပြန်ကြည့်လိုက်အုံး”

“ဘယ်သူကများ မင်းကို ငါနဲ့အတူတွဲတင်ဆက်ဖို့ ရွေးပေးလိုက်တာလဲမသိဘူး”

“ မင်းပဲလေ ငါတို့တွေဂိမ်းတူတူကစားခဲ့တာမလို့ ငါတို့အတူတူ တင်ဆက်တဲ့သူ လုပ်ကြရအောင်ဆိုပြီးတော့လေ။ တောင်းဆိုခဲ့တာ ငါမဟုတ်ဘူးနော်”

“တိတ်စမ်း”

“ ငိုနေတာခုရပ်။ ဒီအစ်ကိုကြီးကမင်းကို သကြားလုံးဝယ်ကျွေးပါမယ်ကွ”

“ ..... “

ထိုစကားကို ကြားလိုက်သည်နှင့် ဒါရိုက်တာကြီးသာ စိတ်ရှုပ်သွားသည်မဟုတ် မန်နေဂျာဖုန်းပင် ဘေးတွင်ရှိသော လက်ထောက်ကို လှမ်းဆွဲလိုက်ပြီး မေးလိုက်ရလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now