အပိုင်း (၂၁၆) ပထမအကျော့တွင် အရှက်ခွဲခြင်း

Start from the beginning
                                    

အောက်ဘက်တွင် ရှိသောလူများသည် သူ့ကိုမမြင်နိုင်ပါ။

တိုက်ရိုက်ထုတ်လွှင့်နေစဥ်အတွင်း ကင်မရာသည် သူ့ကို ပုံကြီးချဲ့လိုက်သောအခါ လူတွေကို ပွက်လောရိုက်သွားစေတဲ့ ထိုမှင်တက်လောက်သည့် မျက်နှာသည် ဖန်သားပြင်တွင် ပေါ်လာပြီး တိုက်ရိုက်လွှင့်နေသော အွန်လိုင်းစာမျက်နှာတစ်ခုချင်းစီသို့ ပျံ့နှံ့သွားတော့သည်။

“ ကြီးမြတ်လှတဲ့သခင်လေးချင်”

“ သောက်ရမ်းမိုက်တယ်ဟ တကယ်ကြီး ကြီးမြတ်တဲ့သခင်လေးချင်ပဲ သူ့ကို တစ်ရက်နှစ်ရက်လေးပဲ မတွေ့ရသေးတာကို သူက ပိုပိုချောလာတယ်လို့ ဘာလို့များ အမြဲတမ်းခံစားနေရတာတုံး၊ ငါပဲ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား”

“ မဟုတ်ပါဘူး  နင်မဖြစ်ပါဘူး။ ကြီးမြတ်တဲ့သခင်လေးချင်ကိုက တစ်နေ့တခြားပိုပိုချောလာတာ ဒါပေမဲ့ သူဘာကိုကြည့်နေတာလဲဟဲ့၊ သူက စာရင်းသွင်းတဲ့ဘက်ကိုကြည့်နေတာနဲ့တူတယ်”

“ သူ ငါ့ကိုကြည့်နေတာပဲဖြစ်ရမယ်။ ကြီးမြတ်တဲ့သခင်လေးချင်က ငါ့ကိုအရမ်းမျှော်လင့်ထားတာလေ”

“ ငါ့ကို အနားလေးပေးပါအုံး။ နင်အဲလိုတွေ အတွေးမလွန်လို့မရဘူးလားဟယ်”

“ နေအုံး။ ကြီးမြတ်တဲ့သခင်လေးချင်က တစ်ယောက်ယောက်ကို တကယ်ကြည့်နေတာဟ”

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ကြီးမြတ်တဲ့သခင်လေးချင်နဲ့ Spade Z တို့က အတူတူဂိမ်းကစားကြတာလေ။ သူ ဒီလူအုပ်ထဲမှာ Spade Z ကိုရှာနေတာများလား၊ သူ့ပုံစံက တွေ့ချင်နေသလိုပဲ”

“ နင်ပြောတာ လိုင်းပေါ်ကယောက်ျားလေးချင်း ချိန်းတွေ့တာကိုပြောတာလား”

“ ဒါကိုကြည့်လိုက်”

လူအားလုံးက ချင်မော့ကို အွန်လိုင်းဂိမ်းပြိုင်ပွဲရဲ့အထွတ်အထိပ်အဖြစ် အကြီးမြတ်ဆုံးသက်ရှိတစ်ယောက်အဖြစ် မြင်ကြရာ သူ့ရဲ့တစ်မိနစ်တာရိုက်ကူးရေးက သုံးမိနစ်တာအချိန်အတွင်း ကလစ်လှိုင်းကြီးတစ်ခုကို ဖန်တီးလိုက်ပြီး အွန်လိုင်းအသုံးပြု သူအရေအတွက်မှာလဲ နှစ်ဆဖြစ်သွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now