အပိုင်း (၅၆)

Start from the beginning
                                    

ပိုင်လီကအစတွင် အသားတွေအကုန်ရောင်းပြီးမှ အေရခြံကို ရောင်းဖို့ဆုံးဖြတ်ထားသော်လည်း ဤလူများကအလျှင်လိုနေလျှင် သူ့အနေနဲ့ အရင်မရောင်းပေးနိုင်စရာတော့မရှိပေ။ ဒါကြောင့် သူက...

"ဒါဆိုလည်း အခုတစ်ခါရောင်းမှာက ဝက်ဝံအရေခွံပေါ့ဗျာ"

အဲဒီနောက်သူက လှည်းပေါ်က ဝက်ဝံအရေခွံကိုယူလာကာ အရွယ်အစားအား အားလုံးမြင်ရရန်ဖြန့်ပြလိုက်ပြီး...

"တန်ဖိုးကိုအားလုံးကသိနေပြီးသားဆိုတော့ မပြောတော့ပါဘူး စဉ်းမျဉ်းကတော့ ညာလက်တုန်းကလိုပဲ ဈေးအများဆုံးပေးနိုင်တဲ့လူက ယူနိုင်မှာပါ"

ပိုင်လီ၏ ထိုစကားဆုံးပြီးပြီးချင်းပင် ချက်ခြင်းဈေးခေါ်သူရှိလာခဲ့သည်။

"ရွှေချောင်းငါးထောင်!"

"ခြောက်ထောင်!"

"ခြောက်ထောင့်ငါးရာ"

"ငါ ရွှေချောင်းခုနှစ်ထောင်ပေးမယ်"

ခုနှစ်ထောင်ထိ လျှင်မြန်စွာရောက်လာအပြီးတွင် ပိုင်လီ၏အပြုံးတို့ကပိုမိုနက်ရှိုင်းလာခဲ့ပေသည်။ အမှန်တိုင်းပြောရရင် ပိုင်လီအမျှော်လင့်ထားဆုံးက ညာလက်မဟုတ်ဘဲ ဝက်ဝံသားမွှေးမှာပဲ။ ပိုင်လီကအရဲစွန့်ပြီး အရေခွံကတစ်သောင်းကျော်ရမယ်လို့ ခန့်မှန်းထားခဲ့တယ်။

အဲဒီအချိန်မှာပဲ ခပ်ကြမ်းကြမ်းအသံတစ်ခုကနေ...

"မင်းတို့တွေ ဘာတွေတို့တိတို့တိလုပ်နေတာလဲ ဒီဝက်ဝံသားမွှေးက တစ်သောင်းကျော်သွားမှာအသိသာချည်းကို မင်းတို့ အချိန်ခြွေတာဖို့မလုပ်တတ်ကျဘူးလား ငါပဲလုပ်ပေးလိုက်မယ် ရွှေချောင်းတစ်သောင်း!"

သားမွှေးအတွက်ဝင်ပြိုင်နေကျလူများသည် အချင်းချင်းကြည့်ရှုလိုက်ကျပြီး ထိုလူပြောတာကအမှန်ပင်ဖြစ်ကြောင်း လက်ခံခဲ့ရသည်။ ဖြေးဖြေးသွားသွား၊ မြန်မြန်သွားသွား ဒီသားမွှေးကတစ်သောင်းကျော်သွားမှာဆိုတော့ တစ်သောင်းကနေစပြိုင်တာကပိုကောင်းပါတယ်။

"ဒါဆိုလည်း တစ်သောင်းတစ်ထောင်!! ဒီသားမွှေးကိုငါရမှဖြစ်မယ်!"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now