ဘယ်တုန်းကတည်းက ဒီလို ပေါ်ပေါ်ထင်ထင်နေလွန်းပြီး ချစ်ပြတတ်သွားတာလဲ မသိလိုက်ရလောက်အောင် သဘာဝကျကျပြောင်းလဲလာခဲ့သည်။

" နောက်နှစ်ရက်နေပြီးရင် ကျွန်တော်တို့ ခရီးသွားရအောင်။ ကျန်းဟောက်လည်း ကျောင်းပိတ်တယ်မလား"

" ခရီး ? "

" ခရီးမဟုတ်လည်း ဒီအတိုင်း ဆိုးလ်မှာပဲ staycation သွားမယ်လေ "

" ထယ်ရယ် ဘာစိတ်ကူးတွေရနေတာလဲ။ ပိုက်ဆံကို စုထားရမှာပေါ့ "

" ပိုက်ဆံစုတာက ဝင်ငွေရဲ့ ၇၀% လောက်ကို စုနေတာပါနော်။ အရင်တုန်းကတော့ ဘာကိုမှမကြည့်ပဲ လျှောက်ဖြုန်းနေပေမဲ့ အခုတော့ ကိုကို့ကို တင်ကျွေးဖို့အတွက် စနစ်တကျလေး သုံးကြည့်ချင်လို့ "

ပြောင်စပ်စပ်ပြန်ဖြေတဲ့ ထယ်ရယ့် ကျောကို အနားရှိတဲ့ ကူရှင်နဲ့ မနာအောင်ရိုက်လိုက်ရင်း ကျန်းဟောက် ရယ်မိတယ်။

" ကိုယ့်အသက် မင်းထက်ကြီးတာနော် ကလေး လုပ်စာထိုင်စားတယ် ဖြစ်မှာလေ "

" ဘာဖြစ်လဲ ကျွန်တော့်စိတ်ထဲတော့ ကျန်းဟောက်က ကလေးလေးပဲကို "

" ပလီပလာတွေ သိပ်မပြောနဲ့ ထယ်ရယ် "

စကားပြောနေရင်းက လူကို နင့်နေအောင် လာဖက်ထားတဲ့ ထယ်ရယ်ဖို့ အသာလေး ငြိမ်နေလိုက်တယ်။ ကျန်းဟောက်ရဲ့ ပါးမို့မို့တွေက ထယ်ရယ့်ပုခုံးပေါ်မှာ မှီထားလိုက်တာကြောင့် ဖောင်းအစ်လာရဲ့။

" ကျန်းဟောက် တကယ်ကြီး ကျွန်တော့်ကို လူတွေရှေ့ သီချင်းဆိုစေချင်တာလား "

ကျန်းဟောက် ခေါင်းငြိမ့်လိုက်သည်။ ထယ်ရယ်က မတုံ့မဆိုင်း ပြောပြလာကတည်းက ခွင့်ပြုလိုက်တဲ့ကိစ္စဖြစ်၏။
ရှင်းရှင်းလင်းလင်းဖြစ်နေတာပဲ ဘာများ တားစရာရှိမှာလဲလေ။

" အတော်ကို နှမြောခြင်းတရားမရှိတဲ့လူပဲနော် "

" ဟ ထယ်ရယ် ကိုယ့်ကို အဲ့လိုကြီးပြောတော့ ကိုယ်က ရည်းစားကို သူများတွေနဲ့ မျှဝေနေပုံပေါက်ကုန်ပြီ "

ထယ်ရယ့်ဆီက ရယ်သံစစနဲ့အတူ ဖက်ထားတဲ့လက်တွေကသာ ပိုပြီး တင်းကြပ်လာသည်။

shady☆ [julyz] ✔️Onde histórias criam vida. Descubra agora