အပိုင်း (၂၁၄) ဒီကောင်လေးက ကြယ်တစ်ပွင့်ဖြစ်လာလိမ့်မယ်

Start from the beginning
                                    

ဒါက ဖုံးကွယ်ထား လို့ရတဲ့လှုပ်ရှားမှုများ မဟုတ်ပါ။ “သူ” နှုတ်ခမ်းထောင့်များကွေးတက်ပြီး အပြုံးတစ်ခုဖြစ်လာတဲ့ အဲဒီမှော်ဆန်တဲ့အခိုက်အတန့်ကို ဖမ်းဆုပ်ထားရန်သက်သက်ပင်။

“နောက်တစ်ပုံထပ်ရိုက်ထားလိုက်၊ ဒီကလေးသာ ဂိမ်းအရည်အချင်းကောင်းရှိတယ်ဆိုရင် သူ ကြယ်ပွင့်တစ်ယောက်ဖြစ် လာလိမ့်မယ်”

စတိတ်စင်နောက်ရှိလူများမှာလဲ လှုပ်ရှားနေလေရဲ့။

ဖူကျို့သည် သူမပါးစပ်တွင် တုတ်ထိုးချိုချဥ်ကို ငုံထားလေသည်။ သူမသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ သူမ၏အသင်းသားများကို စာရင်းသွင်းသည့်နေရာသို့ ဦးဆောင်သွားလိုက်သည်။

ဂိမ်းကို တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ရာ သူတို့၏မျက်နှာများသည် သူတို့၏ဂိမ်း IDများနှင့်အတူ ဖန်သားပြင်ပေါ်တွင် <သူရဲကောင်း>ဂိမ်းဖန်များနှင့်ယှဥ်၍ပြထားလေသည်။

ဟယ်ဟုန်ဟွာနှင့် ချန်ရှောင်တုံး တို့လည်း မန်နေဂျာအဖြစ် ဖန်သားပြင်တွင်ပေါ်နေပြီး သူတို့နှစ်ယောက်လုံးမှာ စိုးရိမ်နေကြလေသည်။

ဖူကျို့က အရှုံးကို လက်မခံနိုင်မှာကို စိုးရိမ်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ဖူကျို့ဝင်မသွားခင် သူမကို လမ်းတွင် မှာလိုက်လေသည်။

” ကျို့လေး ဒီပြိုင်ပွဲက အပျော်သက်သက်ပဲနော်၊ အရေးကြီးဆုံးက ဝင်ပြိုင်လိုက်တယ် ဆိုတာလောက်ပဲ။ သမီးပျော်နေသ၍ နိုင်နိုင် ရှုံးရှုံး ကိစ္စမရှိဘူးနော်”

ချန်ရှောင်တုံးသည်လည်း သူ၏လူတွေကို နှစ်သိမ့်ပေးတတ်သော သူကိုယ်ပိုင်အထူးနည်းလမ်းအတိုင်း ပြောပြန်သည်။

“သခင်လေး၊ သခင်လေးချင်က သခင်လေးကို လက်ခံလိုက်ပြီဆိုတော့ သခင်လေးက ဂိမ်းရူးတစ်ယောက် ဖြစ်နေရင်တောင် အဆင်ပြေနေအုံးမှာပဲ၊ တစ်ယောက်ယောက်နဲ့အိပ်ခဲ့ရင် အဲဒီလူနဲ့ထပ်အိပ်ဖို့ ပိုလွယ်သွားပြီလေ။ မစိုးရိမ်နဲ့နော် သခင်လေး နိုင်နိုင် ရှုံးရှုံး ဘာမဖြစ်ဘူး သခင်လေးက သခင်လေးချင်အတွက် ဂိမ်းဝင်ပြိုင်တာကို သူဌေးကတော်ကို ကျွန်တော် မပြောပြပါဘူး”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now