အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)

Beginne am Anfang
                                    

သူက သူ့ရှေ့မှ ဒီထူးဆန်းသည့် မြင်ကွင်းကို ကြည့်နေခဲ့သည်။

ရှောင်ချန်း ရဲ့မျက်တောင်တွေက အနည်းငယ် လှုပ်ရှားသွားပြီး မကောင်းသည့် လှုပ်ရှားမှုတချို့ ဖြစ်လာခဲ့သည်။

ယွမ်တချန် နဲ့ လီရီဝမ် တို့က အကြိမ်ပေါင်းများစွာ ခေါ်ပြီးနောက်တွင် ဘာလှုပ်ရှားမှုမှ မရှိသေးတုန်းဖြစ်ကာ ပတ်ဝန်းကျင် လေထုကတော့ အနည်းငယ် အေးလာခဲ့သည်။

လီရီဝမ် ကစိတ်မရှည်နိုင်စွာဖြင့် မပျော်မရွှင်ဖြစ်လာကာ မျက်ခုံးတွေက တွန့်ရှုံ့လာပြီး ‌ထ,အော်တော့မဲ့ပုံ ဖြစ်နေခဲ့သည်။

ရှောင်ချန်း ကစာရွက်ပေါ်တွင် အရိပ်ကျနေသည့် ဘောပင်ကို ကြည့်နေခဲ့သည်။

အမှောင်ထုကြောင့် အရိပ်က ရှောင်ချန်း ရဲ့ကျောဘက်ရှိ အရိပ်နဲ့ ချိတ်ဆက်နေသလို ဖြစ်နေပြီး ထိုအရိပ်က ရှောင်ချန်း ရဲ့ခါးနားတွင် ရစ်ပတ်ထားသလို ဖြစ်နေခဲ့သည်။

ရှောင်ချန်း ကတစ်စုံတစ်ခုကို ခံစားမိသွားပုံရကာ သူ့တစ်ကိုယ်လုံးက တုန်တက်သွားပြီး သူ့အနောက်ကို လှည့်ကြည့်လိုက်သည်။

ကြီးမားသည့် ပန်းချီခန်းထဲတွင် ဘေးဘက်တွင် မီးဖိုချောင်၊ KTV၊ ကဒ်ကစားခန်း၊ ရေချိုးခန်း တံခါးတွေက ဖွင့်ထားကြပေမဲ့ မီးမဖွင့်ထားတာကြောင့် မဲမှောင်နေတာကိုသာ မြင်နေရပြီး လူတစ်ယောက်ရဲ့ အမြင်အရဆို အတွင်းမှာ ဘာရှိလဲဆိုတာကို မပြောနိုင်ပေ။

ရှောင်ချန်း ရဲ့အသိစိတ်က ထိန်းချုပ်နေပေမဲ့ ထိုမြင်ကွင်းက သူ့နှလုံးခုန်သံအား မငြိမ်မသက် ဖြစ်လာစေသည်။

အမှောင်ထုထဲတွင် သူ့ကိုယ်သူ တွေ့လိုက်ချိန်တိုင်း သူ့အိပ်ရာအောက်တွင် စိုးရိမ်စရာ တစ်စုံတစ်ခုက ရှိနေသလိုမျိုး ခံစားနေရသည်။ ညလယ်နိုးလာချိန်တွင် မလှုပ်မရှားဖြစ်နေသည့် မျက်ဝန်းအစုံက သင့်ကို စိုက်ကြည့်နေတာကို မြင်လိုက်ရသလိုမျိုးပင်။ တံခါးကို ဖွင့်လိုက်ချိန်တွင် တစ်စုံတစ်ခုက သင့်နောက်တွင် ရှိနေသလိုမျိုး။ ဒီအကြောင်းကို ပိုတွေးလေ သင့်ကို ပိုထိတ်လန့်လာစေ ဖြစ်လာလိမ့်မည်။ ရှောင်ချန်း ကသူ့ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး သူ့ခေါင်းကို တည့်တည့် ပြန်လှည့်လိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Wo Geschichten leben. Entdecke jetzt