ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

Start from the beginning
                                    

ပိုင်လီက ဆိပ်ကမ်းမြို့ထဲစဝင်ထဲက တဖြေးဖြေးနဲ့ သူ့လှည်းနောက်လိုက်လာတဲ့လူတွေက ပိုပိုများလာတာကိုသတိထားမိတဲ့အခါ သူကလှည်းကိုရပ်လိုက်ပြီး ပြောခဲ့လိုက်သည်။

"ဒီက မိတ်ဆွေတို့ ကျွန်တော်က အခုကျွန်တော့်မိတ်ဆွေဆီကိုသွားမလို့ပါ ပြီးရင် အရင်ကတောဝက်သားတွေရောင်းခဲ့တဲ့နေရာကိုပဲလာခဲ့မှာမလို့ အဲဒီကနေပဲစောင့်ပေးကျပါ"

ဒါကိုကြားတော့ အရင်ထဲကမေးချက်နေသူများသည် ရှေ့ထွက်လာကျပြီး...

"အယ် မုဆိုးပိုင် မင်းဒီစကားပြောတာက ဒီတစ်ခေါက်လည်း တောကောင်ရောင်းစရာတွေပါလာခဲ့တယ်လို့ပြောတာလား"

ပိုင်လီက ထိုမေးခွန်းကိုခေါင်းငြိမ့်ကာဖြေပေးလိုက်ပြီး...

"ဟုတ်တယ်ဗျ မနေ့က ကျွန်တော် ဝက်ဝံတစ်ကောင်ရလာတယ်လေ အဲဒါလာရောင်းတာပါ"

ပိုင်လီမှ တောကောင်းရောင်းစရာတွေပါလာကြောင်းဖြေခဲ့လျှင် ဘာတောကောင်တွေလဲဟု မေးဖို့ရည်ရွယ်နေသူများသည် အသံမထွက်နိုင်ခင် ဝက်ဝံဆိုသည့်စကားနှင့် နှုတ်ပိတ်ခံလိုက်ရတော့သည်။

"ဝက် ဝက်ဝံ! မုဆိုးပိုင် မင်းအခု ဝက်ဝံလို့ပြောလိုက်တာလား!!"

ပိုင်လီက ဟုတ်မှန်ကြောင်း ခေါင်းငြိမ့်ပြလိုက်တော့ ဆွေးနွေးသံများက ချက်ခြင်းညံသွားခဲ့ပြီး လူများကချက်ခြင်း ဖြစ်နိုင်သည်နှင့်မဖြစ်နိုင်ဟူသော နှစ်ဖက်သို့ချက်ခြင်းကွဲထွက်သွားကာ ငြင်းခုန်နေကျပြီး တချို့ကလည်း ဝါးဖျာအောက်က ပစ္စည်းများကို မြင်ရလိုမြင်ရငြား သေချာစူးစမ်းကြည့်နေခဲ့ကျ၏။

ပါးနပ်သောလူများမှာမူ ပိုင်လီ၏ပုံစံက နောက်နေပုံမရတာကိုမြင်ထဲက သူတို့သခင်များထံအကြောင်းကြားဖို့ လှည့်ထွက်သွားကျပြီးဖြစ်သည်။ ဒီလူက တောဝက်နှစ်ကောင်ကိုတောင် လာရောင်းဖူးသေးတာ ဝက်ဝံကိုရောင်းမယ်ဆိုတာက နည်းနည်းမယုံချင်စရာကောင်းပေမယ့် လုံးဝကြီးမဖြစ်နိုင်နေတာတော့မဟုတ်ဘူးလေ။

ပိုင်လီကလည်း ငြင်းခုန်ကာ ဝါးဖျာအောက်မှာ တကယ်ပဲ ဝက်ဝံသားတွေရှိမရှိကို အကြိတ်နယ်ဆွေးနွေးနေကျသည့်လူအုပ်အား ထားခဲ့လိုက်ပြီး ချောင်ရန်၏ဆိုင်သို့ ထွက်လာခဲ့လိုက်တော့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now