အပိုင်း (၂၁၀) သူ့ကိုယ်သူ ကီးဘုတ်ဖိုက်တာလို့ထင်ခဲ့ပေမဲ့ တကယ်တော့သူက ခွေးပေါက်လေးတ

Start from the beginning
                                    

သူတို့ရဲ့မျက်လုံးထဲက ဒီဆန်ကုန်မြေလေး ဖူကျို့ကလေ။

အဲဒီသတင်းက ကျောင်းကိုယ်လူချောစာရင်းပိုစ့်မှာ ပေါက်ကွဲသံတခု တဟုန်ထိုးပေါ်လာတော့တယ်။

“ ငါတို့ရဲ့မင်းသားလေးကျို့က ရုပ်ချောတာပဲရှိတာလို့ ဘယ်သူပြောတာလဲ၊ ဒီအမှတ်တွေကို လဲကြည့်လိုက်ပါအုံး”

“အံ့ရော အင်္ဂလိပ်မှာ အမှတ်ပြည့်ရအောင် ဘယ်လိုလုပ်ရမလဲ သင်ပေးကြပါအုံး”

“ သေလောက်အောင် အံ့ဩစရာကောင်းတဲ့ ရမှတ်တွေပဲ၊ အမှတ်(၁) အလယ်တန်းကျောင်းက လူတွေက တစ်ခုခုပဲဟေ့”

ကျောင်းအွန်လိုင်းဖိုရမ်များတွင် အမှတ်(၁)အလယ်တန်းကျောင်းသားများ မဟုတ်သော တစ်ခြားကျောင်းသားများလည်း ရှိရာ သူတို့အားလုံးသည် ဆွေးနွေးခန်းမှာ ပါဝင်ပြီး ဝေဖန်ချက်များရေး ကြလေသည်။

ဖူကျို့ကို သဘောကျသောကျောင်းသားများသည် သူတို့၏မင်းသားလေးကျို့က နေရာအနှံ့တွင် ချီးကျုးစကားပြောခံရသည်ကို ဂုဏ်ယူနေကြလေသည်။

သို့ရာတွင် အချို့သဘောမကျသူများလည်းရှိရာ ထိုသူများက အေးတိအေးစက်ဖြင့် ပြန်လည်ပြောဆိုနေကြသည်။

“ ဒီလိုအမှတ်ရဖို့ဆို ခိုးချမှပဲဖြစ်မှာ၊ ဒီလို ကြွားလုံးလာထုတ်နေတာကိုက သူဘာမှမသိသေးဘူးလို့ပြနေတာပဲ၊ ငါ့အတွက်တော့ ကြီးမြတ်တဲ့သခင်လေးချင်ကပဲ အမြဲတမ်း ကျောင်းရဲ့တရားဝင်ကိုယ်လူချောပဲ။ နင်တို့အားလုံး ကြီးမြတ်တဲ့သခင်လေးချင်ကို မေ့သွားကြပြီလား”

“ ဒါပေမဲ့ ကြီးမြတ်တဲ့သခင်လေးချင်က ကျောင်းမှာမှမရှိတော့တာ”

“အနည်းဆုံးတော့ ကြီးမြတ်တဲ့သခင်လေးချင်နဲ့အဆင့်တူတဲ့တယောက်ကိုရှာရမှာပေါ့၊ ဖူကျို့မှာ ဘာအရည်အချင်းတွေ ရှိလို့လဲ၊ သူက ဒီအတိုင်းအသုံးလဲမကျဘဲနဲ့၊ ကြီးမြတ်တဲ့သခင်လေးချင်နဲ့ ယှဥ်လိုက်ရင် တစ်ယောက်ကသေမျိုး ကျန်တဲ့တစ်ယောက်က နတ်ဘုရား”

“ဟေး ဒီအကြောင်းပြောတဲ့သူတိုင်း ဒီနှစ်ယောက်ကို မယှဥ်စမ်းပါနဲ့၊ ငါလည်း ကြီးမြတ်တဲ့သခင်လေးချင်ကို အရမ်းကြိုက်တာ ပြီးတော့ ငါ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုလဲ ယုံတယ်၊ တစ်ယောက်ယောက်က တစ်ခြားလူရဲ့ ခေါင်းပေါ်တက်နင်းနေတာကို တော့ သူလဲမြင်ချင်မှာမဟုတ်ဘူး”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now