အပိုင်း (၂၀၉) ဖူရှီမင်စော်ကားခံရခြင်း

Start from the beginning
                                    

“ ဪ ဒါရိုက်တာပြောနေတာကို ကျွန်တော့်ရဲ့အံ့ဩလှစွာသော အစ်ကိုအကြောင်းကိုး၊ ကြည့်ရတာ နောက်ဆုံးတော့ သူရင့်ကျက်လာပြီး စာကြိုးစားနည်းတွေ လေ့လာနေပြီထင်တယ်။ ဒါရိုက်တာကြီးကတောင် ချီးကျူးနေတာဆိုတော့ ဒီတစ်ခါ သူအမှတ်ကောင်းကောင်းရထားလို့ပဲဖြစ်ရမယ်။ သူ အဆင့်၂၀အတွင်း ဝင်လာလို့လား”

“ရမှတ်တွေကို မနက်ဖြန်မှကြေညာမှာ ပြီးတော့ မင်းရဲ့အစ်ကိုက မင်းထင်ထားတာထက် ပိုသန်မာတာပဲ”

ဖူကျို့အကြောင်းပြောလိုက်သည်နှင့် ထိုဒါရိုက်တာကြီး၏မျက်နှာသည် ပြောင်းသွားလေသည်။

“ကျွန်တော့်လုပ်သက် တစ်လျှောက်လုံး ဒီလိုဉာဏ်ကောင်းပြီး စမတ်ကျတဲ့ကလေးမျိုး တစ်ခါမှမကြုံဖူးဘူး။ သူက ဘာသာရပ် ငါးခုမှာ အမှတ်ပြည့်ရခဲ့တာလေ၊ သူ့အင်္ဂလိပ်စာမေးပွဲနေ့က ကျွန်တော် ကြီးကြပ်သူ လုပ်ခဲ့ရတာ၊ သူကလေ မေးခွန်းတွေကို တစ်နာရီအတွင်း အပြီးဖြေခဲ့တာဗျ၊ အင်္ဂလိပ်စာစီစာကုံးကလဲ ရေးထားတာ သေသပ်နေတာပဲ၊ တစ်ကျောင်းလုံးအဆင့် ပထမအနေနဲ့ သူ့စံချိန်ကလေ ဟိုတုန်းက သခင်လေးချင်ရဲ့အောက်ကပ်လျက်မှာပဲ ရှိတယ်၊ သူဌေးဖူ ခင်များရဲ့သားအကြီးဆုံးက အရမ်းကို သိုသိုသိပ်သိပ်နေတာပဲ၊ သူသာဒီလိုမနေရင် တစ်ကျောင်းလုံးရဲ့ ကြယ်ပွင့်လေးဖြစ်နေမှာ၊ အလယ်တန်းတက်နေတဲ့ ကျွန်တော့်သမီးတောင်မှ သူ့ ဖန် တစ်ယောက်ဖြစ်နေပြီလေ။ ဒီကျောင်းရဲ့ ကိုယ်လူချောအသစ်လေးကို  တွေ့ချင်လို့တဲ့ ကျွန်တော့်သမီးကတောင် ကျွန်တော့်ကို နေ့တိုင်းပူဆာနေတာ၊ ဒီကလေးတွေ ဖူကျို့ရဲ့ဓာတ်ပုံကို ဘယ်လိုရိုက်လာခဲ့လဲ တကယ်မသိတော့ပါဘူးဗျာ၊ ဒါပေမဲ့ သူတို့အားလုံးက ဖူကျို့ကို အထင်ကြီးကြပြီး ရုပ်လဲချော ကိုယ်ရည်ကိုယ်သွေးလဲကောင်းတဲ့ သူ့လိုဖြစ်ချင်တာတဲ့လေ၊ ခင်များသိရဲ့လား ဖူကျို့ကို သူ့အိုင်ဒေါလို့ သတ်မှတ်ပြီးကတည်းက ကျွန်တော့်သမီးက အရင်ကထက်ပိုပြီး တွေးခေါ်တတ်လာတယ်၊ ဒါကြောင့်လဲ ဒီစံတင်လောက်တဲ့ အိုင်ဒေါပါဝါကို ဒီနေ့ခေတ်လူတွေေအမြဲပြောနေကြတာပေါ့ ဟား ဟား ဟား ....”

ထိုဒါရိုက်တာကြီးမှာ တဲ့တိုးသမားဖြစ်လေသည်။ သူသည် စကားဆုံးသည်နှင့် သဘာကျစွာ ရယ်လိုက်လေသည်။ သူပြောပြီးသွားချိန်တွင် ဖူကျုံးရီနှင့်ဖူရှီမင်တို့ နှစ်ယောက်လုံးသည် ထိုအကြောင်းကြောင့် အလွန် စိတ်မသက်မသာ ဖြစ်သောကြောင့် မျက်နှာများမှာ ဖြူရော်သွားသည်ကို သတိမထားမိချေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now