အပိုင်း (၂၀၇) အပျော်လွန်သွားသောဟယ်ဟုန်ဟွာ

Start from the beginning
                                    

ထိုသတင်းထဲတွင် ဟယ်ဟုန်ဟွာသည် ကြမ်းတမ်းသော တောရွာကအဒေါ်ကြီးတစ်ယောက် ဖြစ်သည်။ သူမသည် ပညာလဲမတတ် သူမသားလုပ်သမျှကို လက်ခံနေတတ်သည်။

သို့သော် ဤတစ်ခဏတာ ဖုန်းခေါ်ဆိုမှုမှတဆင့် ဆရာမသည် ဟယ်ဟုန်ဟွာသည် သူမအစောပိုင်းက ထင်ထားသည့်ပုံစံနှင့် လုံးဝမတူကြောင်း နောက်ဆုံးတွင် သိလိုက်ရသည်။

ဤသက်လတ်ပိုင်း အရွယ်အမျိုးသမီးသည် ပညာမတတ်သည်မှာ မှန်သော်လည်း သူမသည် လုံးဝ ထောင်လွှားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အလွန်ယဥ်ကျေးလေသည်။ သူမ၏ကလေးကို အနည်းငယ် အလိုလိုက်ထားသော်လည်း သူမသည် ကျောင်း၏ခွင့်ပြုချက်အောက်မှသာ လုပ်ဆောင်လေ့ရှိသည်။

ပြီးတော့ ဖူကျို့လိုကလေးကို ဘယ်သူကအလိုမလိုက်ချင် ရှိပါ့မလဲ

ထိုဆရာမသည် သူမကိုယ်တိုင်လဲ မိခင်တစ်ဦးဖြစ်သည်။ ဟယ်ဟုန်ဟွာဆီ ဖုန်းမခေါ်မီ အင်တာဗျူးတစ်ခုကို သူမ ကြည့်ထားပြီးဖြစ်ရာ ဖူကျို့၏ပြောဆိုပုံမှတဆင့် သူမသိလိုက်သည်။ ထိုကောင်လေးသည် အလိုလိုက်ခံရလောက်အောင် ထိုက်တန်လေသည်။

ဖူကျို့က တံခါးကို တွန်းဖွင်လိုက်ရာ ဟယ်ဟုန်ဟွာ၏ပျော်ရွှင်သောမျက်နှာကို မြင်လိုက်ရသည်။

လူတွေက ပြောကြတယ်လေ အမျိုးသမီးတွေ အရွယ်တစ်ခုရောက်လာရင် သူတို့ရဲ့ ကလေးဆန်တဲ့အခြမ်းကို ပြန်ရောက်လာကြတယ်တဲ့၊ ဟယ်ဟုန်ဟွာ ဖူကျို့နဲ့ပြန်သင့်မြတ်ပြီးကတည်းက သူမပုံစံက အဲလိုတထေရာထဲ ဖြစ်နေတော့ပဲ။

သူမက ဖူကျို့ကိုတွေ့လိုက်တာနဲ့ သူမကို ဝိုင်းကြီးပတ်ပတ်လုပ်လိုက်၊ ကခုန်လိုက်နဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ တူနေတော့တယ်။

“ ကျို့လေး အမေ ဒီနေ့သမီးရဲ့ကျောင်းက ဖုန်းတစ်ခုလက်ခံရခဲ့တယ်။ ဆရာမ သမီးကို ချီးကျူးနေတာ အကြာကြီးပဲ ပြီးတော့ ပြောသေးတယ် အမေက သမီးကို ကောင်းကောင်းပျိုး ထောင်ပေးခဲ့တာပဲတဲ့”

“ ချစ်လှစွာသော မစ္စစ်ဟယ် ရှင်က ရှင့်ကလေးကို တကယ်ပဲ အကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့တာပဲ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now