အပိုင်း (၄၉)

Start from the beginning
                                    

ဒါပေမယ့် ဒုတိယဇနီးဆိုတာကတော့ ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။

ပိုင်လီရဲ့စကားဆုံးသောအခါတွင် လူအုပ်တစ်ဖန်ငြိမ်သက်သွားကျပြန်သည်။

ပိုင်မိသားစုက ပိုင်လီဆီက ဒီအကြောင်းကိုမကြားဖူးခဲ့တော့ စဥ်းစားခန်းဝင်နေကျပြီး ဝမ်မိသားစုကလည်း အလျှင်မြန်တွက်ချက်ကြည့်နေကျ၏။

ပိုင်လီက သူ့အိမ်ရဲ့နံရံဆောက်တုန်းကတောင် ထမင်းတစ်နပ်စာအတွက် ကြေးငါးပြားပေးခဲ့ပြီး တစ်ရက်ကိုကြေးပြားသုံးဆယ်ပေးခဲ့တာဖြစ်လို့ ယခုအခါ သာမာန်ထက်ပိုသော နူန်းထားဟူသောစကားမှာ အနည်းငယ် စဥ်းစားကြည့်ချင်စရာတော့ဖြစ်နေသည်။ ပြီးတော့ သစ်သီးခြံဆိုတာကို သူတို့ကသိပ်နားမလည်ပေမယ့် သစ်သီးတွေက ရှားပါးတာကိုတော့သိထားသဖြင့် ငွေရွှင်မည့်လုပ်ငန်းဟုတော့ ခန့်မှန်းရပြီး ထိုနေရာမှာလုပ်ရပါက အကျိုးမြတ်တချို့ရှိနိုင်မှန်းကိုလည်း ခန့်မှန်းမိကျသည်။

သို့သော် ဘယ်လိုနေရာကများ ဇနီးဆိုတဲ့နေရာထက်ပိုကောင်းနိုင်မှာလဲ။ ပိုင်လီမှာ ဒီလိုကြီးကျယ်တဲ့ လုပ်ငန်းလုပ်ချင်စိတ်ရှိလေ ဇနီးတွေနဲ့သားတွေကအကျိုးမြတ်ခံစားရလေ ဖြစ်မှာမဟုတ်ဘူးလား။

ခြံကအလုပ်သမားထက် ခြံပိုင်ရှင်ကတော်ကဖြစ်တာက ပိုကောင်းတာပဲလေ။

ထို့ကြောင့် ချီနင်သည် အံကြိတ်လိုက်ကာ မျက်ရည်များကို နောက်ထပ်ညှစ်ထုတ်လိုက်ပြီး...

"အဲတာက မင်း အဒေါ်တို့အိမ်ကရှောင်လေကို ဒုတိယဇနီးအနေနဲ့ လက်ထပ်တာလောက်တော့ ဘယ်လိုလုပ်ကောင်းနိုင်မှာလဲကွယ် မင်းက ရှောင်ဟန်ကိုပဲဇနီးနေရာထားမှာလို့ပြောတော့ ရှောင်ဟန်သဘောမတူမှာစိုးရိမ်နေတာလားဟင် ဒါဆို ငါကရှောင်ဟန်ကိုတောင်းပန်လိုက်ပါ့မယ်"

ချီနင်က ဒီကိုမလာခင်ထဲက ပိုင်လီက မကြာခင်မှာချမ်းသာလာလိမ့်မည်ဟု သိထားခဲ့ပြီး ယခုကဲ့သို့ရှားပါးပြီး အဖိုးတန်တဲ့ သစ်သီးလိုအရာမျိုးတွေကို ခြံလိုက်စိုက်ရန် အစီစဥ်ရှိတယ်ဆိုတာသိလိုက်ရတော့ ပိုပြီးတောင် သေချာသွားခဲ့သည်။ ပိုင်လီက ချမ်းကိုချမ်းသာလာလိမ့်မယ်။ သူက မကြာခင် လယ်သူဌေးကြီးတောင်ဖြစ်ရင်ဖြစ်လာမှာ။ ဒါကြောင့် သူမက ဒီလိုလူမျိုးကို လက်မလွှတ်နိုင်ဘူးလေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now