အပိုင်း (၄၉)

Start from the beginning
                                    

ပိုင်လီ မူလရည်ရွယ်ထားတဲ့လူတွေက ရုံမိသားစုပါပဲ။ ပိုင်လီက ဒီမှာသစ်သီးဝိုင်လုံးဝမရှိသေးတဲ့အတွက် သစ်သီးဝိုင်လုပ်ငန်းကို စလုပ်ချင်နေတယ်။ ပြီးရင် ချောင်ရန်ကနေတဆင့် ယုံကြည်ရတဲ့ကုန်သည်တစ်ယောက်ယောက်နဲ့ပူးပေါင်းပြီး ဝိုင်တွေကို အမည်မဖော်ပဲ မြို့တော်ကိုတင်ပို့ဖို့ရည်ရွယ်ထားတယ်။

သူက အမဲလိုက်တာကိုဝါဿနာပါပေမယ့် မုဆိုးအလုပ်ထက် ခိုင်မာတဲ့ဝင်ငွေလမ်းကြောင်းတစ်ခုတော့ ရှိထားသင့်တယ်လေ။ သူကအရမ်းမချမ်းသာချင်ပါဘူး။ ဒါပေမယ့် သူ့မိသားစုကိုတော့ အကောင်းဆုံးဆိုတဲ့အရာတွေပေးချင်သေးတယ်။ ဒါကြောင့်သူက ဝိုင်လုပ်ငန်းကိုရွေးချယ်ဖို့ စဥ်းစားထားခဲ့တာ။

အစကတော့ ခြံရဲ့စောင့်ရှောက်ရေးကို ရုံမိသားစုကိုပေးမယ်ပေါ့။ ရုံမိသားစုက သူတို့နဲ့နီးကပ်တဲ့အိမ်နီးချင်းတွေဖြစ်ပြီး ရိုးသားပြီးစစ်မှန်တယ်လေ။ ဒါကြောင့်သူက ရုံမိသားစုကိုယုံကြည်တဲ့အပြင် ရုံမိသားစုက ငွေနည်းနည်းရှိလာတာနဲ့ ရုံရှီက သူ့သားတွေကိုလက်ထပ်ပေးတော့မှာကို ပိုင်လီကသိထားတယ်။ ဒါဆို ရုံမိသားစုမှာ ချွေးမတွေရှိလာလိမ့်မယ်။ ဒီတော့ ရှောင်ဟန်မှာ အသက်ရွယ်တူတဲ့အဖော်တွေရှိလာလိမ့်မယ်လေ။ သူတို့ရဲ့အိမ်ချင်းတွေကလည်း ကပ်နေတာဆိုတော့ ရုံမိသားစုရဲ့ချွေးမတွေကသာအကျင့်စရိုက်ကောင်းရင် ရှောင်ဟန်က အဖော်တွေရပြီး ပိုအဆင်ပြေလာနိုင်တယ်မဟုတ်ဘူးလား။

ထပ်ပြီး သူတို့မိသားစုတွေ ပိုရင်းနှီးလာကျရင် ပိုင်လီတောင်ပေါ်သွားတဲ့အခါဖြစ်ဖြစ်၊ ဆိပ်ကမ်းမြို့ကိုသွားတဲ့အခါဖြစ်ဖြစ် ရုံမိသားစုက သူ့အိမ်ကကောတွေကို ကြည့်ရှုပေးထားလိမ့်မယ်။
ပိုင်လီက ဒီလိုမျိုး အဘက်ဘက်ကစဥ်းစားထားပြီး သစ်သီးခြံရဲ့အလုပ်နေရာတွေကို ရုံမိသားစုကိုပေးချင်ခဲ့ပေမယ့် အခုတော့ ဝမ်မိသားစုကိုပေးဖို့သာဖြစ်လာခဲ့သည်။ ဒါကဘာကြောင့်လဲဆိုတော့ ပိုင်လီရဲ့ သေးငယ်တဲ့အပြစ်ရှိစိတ်လေးကြောင့်ပါပဲ။

ပိုင်လီက ဝမ်ရူသေရတာ သူ့ကြောင့်လို့ခံယူထားတာမဟုတ်ပေမယ့် သူရဲ့ဝင်ငွေကို ရွာသားတွေရှေ့ပြမိသလိုဖြစ်သွားလို့သာ ဒီလိုကိစ္စတွေဖြစ်လာရတယ်လို့ ခံစားခဲ့ရပြီး ဒါကြောင့် သူက ဝမ်ရူရဲ့သေဆုံးမှုအပေါ် အားနာမှုအနည်းငယ်ရှိနေတာဖြစ်၏။ ဒါကြောင့် ဝမ်မိသားစုသာလိုချင်ရင် သူတို့ဘဝတွေမခက်ခဲအောင် သူကအလုပ်နေရာပေးလို့ရပါတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now