အပိုင်း (၄၇)
ابدأ من البداية
ပိုင်လီက ခုံမှာထိုနေတဲ့တစ်ဦးတည်းသောလူငယ်ဖြစ်ပြီး ဒါကသူ့ကိုစိတ်မသက်သာစေသော်လည်း သူကအိမ်ရှင်ဖြစ်နေသောအခါတွင် ထိုင်ရမည့်အပြင်မေးပါမေးရပါလိမ့်ဦးမည်။
"အခု ဘာအတွက်လဲဆိုတာပြောလို့ရပြီလား ဒီလိုလူထုတ်ပုံက လာလည်ရုံပဲလိုကျွန်တော်တော့မထင်ဘူး"
ပိုင်လီရဲ့ဒီစကားထွက်လာတော့ အောင်သွယ်တော်လိုဝတ်စားထားသည့်အမျိုးသမီးသည် ပိုင်လီကိုစေ့စေ့ကြည့်ကာ ပြီးနောက် ချီနင် (ဝမ်အမေ)နောက်က ခေါင်းငုံ့ထားသည့် ဝမ်လေအား မသိမသာကြည့်လိုက်လေသည်။ တခြားလူတွေကဒါကိုမမြင်ရင်တောင်မျက်စိလျှင်တဲ့ပိုင်လီက ဒီအမျိုးသမီးရဲ့ထိုအပြုမူကိုမြင်လိုက်တုန်းပါပဲ။ အဲတော့ ဒီတစ်ယောက်က တကယ်ပဲဘာကိုလုပ်ချင်နေတာလဲ။
အောင်သွယ်တော်အမျိုးသမီးလျန်သည် ရုတ်တရက်တောက်ပစွာပြုံးလာပြီး စကားပြောဖို့အစချီလာခဲ့သည်။
" ဒါက ရုတ်တရက်ကြီးဖြစ်ပြီး လူတွေကို ဒီလိုဘာမပြောညာမပြောနဲ့ စုခေါ်လိုက်ရပေမယ့် ဒါကကောင်းတဲ့ကိစ္စပါပဲ ဒါကတော့ဒီလိုပါ ဒီကပိုင်မိသားစုရဲ့ဒုတိယသားပိုင်လီက ဒီက ဝမ်မိသားစုရဲ့သား ဝမ်လေကို ဒုတိယဇနီးအဖြစ်လက်ထပ်ဖို့ ဆန္ဒရှိမရှိကို လာရောက်မေးမြန်းရတာပါ"
အမျိုးသမီးလျန်၏စကားအဆုံးတွင် လေထုကခဏတာအေးခဲသွားခဲ့သည်။ အဲဒီအချိန်မှာ လူတိုင်းရဲ့မျက်လုံးတွေကလည်း အမျိုးသမီးလျန်ရဲ့လက်က ညွှန်ပြနေတဲ့လူကို ကြည့်နေမိကျပြီး ထိုလူမှာမူ ရှက်ရွံဟန်ဖြင့်ခေါင်းကို ငုံ့ထားတာကိုတွေ့ခဲ့ရသည်။
ဒီအချိန်မှာ နားမလည်ဆုံးလူကိုပြောပါဆိုလျှင်တော့ သေချာပေါက်ပိုင်လီပဲပေါ့။
စောက်ကျိူးနည်း ဒါကဘာကြီးလဲ!
ဒုတိယဇနီး ဟုတ်လား! ဘယ်သူ့ရဲ့ဒုတိယဇနီးလဲ!!
ပိုင်လီရဲ့ဒုတိယဇနီးပေါ့လေ ဒီနေရာမှာ နာမည်တူပိုင်လီများရှိနေသေးတာလား။ သူကတော့ ဘာဒုတိယဇနီးကိုမှသိမနေဘူးနော် အိုခေ။
ဘာမှမသိထားသေးသည့် ပိုင်မိသားစုနှင့် ကျန်းမိသားစုမှာလည်း ထိတ်လန့်သွားကျတာထင်ရှားပြီး သူတို့က ဝမ်လေကိုကြည့်ပြီးချိန်တွင် အံသြခြင်းများစွာနဲ့ ပိုင်လီကိုပြိုင်တူကြည့်လိုက်မိကျသည်။